Europe News

ယူ-၂၁​ဂျာမနီဗိုလ်စွဲ

Jul 01 , 2017

ပိုလန်တွင် ကျင်းပနေသော ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဂျာမနီအသင်းက စပိန်ကို ၁-၀ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီ ဖြစ်သည်။

ဂျာမနီအသင်းမှာ ဥရောပ ယူ-၂၁ ချန်ပီယံဆုကို ဒုတိယအကြိမ်ရရှိခြင်းဖြစ်ပြီး စပိန်မှာ ၄ကြိမ် ဗိုလ်စွဲဖူးသော အသင်းဖြစ်သည်။

ဂျာမနီအသင်းအနေနှင့် ဆီမီးဖိုင်နယ်တွင် အင်္ဂလန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတက်လာသော အသင်းဖြစ်ပြီး စပိန်မှာ ဆီမီးတွင် အီတလီကို ၃-၁ဖြင့် နိုင်ခဲ့သော အသင်းဖြစ်သည်။

ဗိုလ်လုပွဲတွင် ဂျာမနီအသင်းမှ ဝိုင်ဆာက ပွဲချိန် မိနစ် ၄၀ တွင် အနိုင်ဂိုးသွင်းခဲ့ခြင်းဖြစ်ပြီး စပိန်မှာ ချေပဂိုးရရန်  စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။

ယခုပြိုင်ပွဲကို ၄သင်းပါ အုပ်စု ၃ခုဖြင့် စတင်ယှဉ်ပြိုင်ကစားစေခဲ့ခြင်းဖြစ်ပြီး အုပ်စု C တွင် ဒုတိယသာရခဲ့သော ဂျာမနီက ဗိုလ်စွဲ ခဲ့ခြင်း ဖြစ်သည်။

အုပ်စု ဗိုလ် ၃သင်းဖြစ်သော အင်္ဂလန်၊ စပိန်၊ အီတလီတို့မှာ နောင်လာမည့် ပြိုင်ပွဲများတွင် ဗိုလ်စွဲရေးကိုသာ ပြန်လည်ကြိုးစား ကြရတော့မည် ဖြစ်သည်။

ယခုပြိုင်ပွဲတွင် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သူ ၂ဦးရှိပြီး စပိန်မှ အက်ဆန်စီရိုနှင့် ပေါ်တူဂီမှ ဘရူမာတို့က ၃ဂိုးစီ သွင်းယူနိုင်ခဲ့ကြ သည်။

U Myo Thant




<< Back Europe News


Advertisement
Here