EPL News

ဂိုးသမားခေါ်တဲ့ ချဲလ်ဆီး

Jul 03 , 2017

ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းမှာ မန်စီးတီးဂိုးသမားဟောင်းတစ်ဦးဖြစ်သော ကာဘယ်လီယိုကို အလွတ်ပြောင်းရွှေ့ ခွင့်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အာဂျင်တီးနားသား ဘယ်လီယိုမှာ ယခု ဇွန်လတွင် မန်စီးတီးနှင့် စာချုပ်သက်တမ်းပြည့်မည့်သူဖြစ်ပြီး မန်စီးတီးက အသင်းမှ ထွက်ခွာခွင့်သင့်ပြုထားသူတစ်ဦး ဖြစ်သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော ကာဘယ်လီယိုမှာ ၂၀၁၄ တွင် စပိန်ကလပ် မာလာဂါမှ မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နည်းပြ ဂွာဒီယိုလာ၏ မန်စီးတီးအတွက် စုစုပေါင်း ၂၆ ပွဲပါဝင်ကစားပေးခဲ့သူ ဖြစ်သည်။

ကာဘယ်လီယိုက ပရီးမီးယား ချန်ပီယံအသင်းကို ပြောင်းရွှေ့ခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ အသင်းအတွက် နောက်ထပ် ဆုတွေ အများကြီးရဖို့ ကျနော်လည်း အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါဟု ပြောဆိုသွားခဲ့သည်။

ချဲလ်ဆီးအသင်းတွင် ရှိနေခဲ့သော ဒုတိယဦးစားပေးဂိုးသမား အသက် ၃၀ အရွယ်ဘီဂိုဗစ်မှာ လွန်ခဲ့သော  မေလက ဘုန်းမောက် အသင်းသို့ ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here