Europe News

ဥရောပပြောင်းမယ့် ဂိုးသမား

Jul 03 , 2017

ပေါ်တူဂီနှင့် ကစားခဲ့သော ကွန်ဖက်ဒရေးရှင်းဖလား တတိယနေရာလုပွဲတွင် ၂ဂိုး အသွင်းခံရသော်လည်း အခြားကန်ချက်များကို ထူးချွန်စွာ ကာကွယ်နိုင်ခဲ့ခြင်းကြောင့် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သော မက္ကဆီကိုဂိုးသမား အိုချိုအာကက ဥရောပလိဂ်များသို့ ပြောင်းရွှေ့ကစားလိုကြောင်း ပြောဆိုလိုက်သည်။

အခြားပွဲစဉ်များတွင်ပါ အစွမ်းပြနိုင်ခဲ့သော အိုချိုအာက ကျနော်ဟာ မက္ကဆီကန်လူမျိုး၊ လက်ရွေးစင်တစ်ယောက်၊ အသင်းအတွက် အဓိကကစားသမား၊ ဒါတွေနဲ့တင် ကျနော်ကိုယ့်ကိုယ်ကို ဂုဏ်ယူလှပါပြီ။ ဒါပေမယ့် ကစားသမား တစ်ယောက်က မကစားဘူးသေးတဲ့လိဂ်မျိုးမှာ မကြုံဘူးသေးတဲ့ စိန်ခေါ်မှုတွေနဲ့ တွေ့ချင်သေးတာတွေရှိတတ်ကြပါတယ်။ စပိန်၊ ပြင်သစ်တို့မှာတင် မဟုတ်ပဲ တစ်ခြားလိဂ်တွေမှာ ကစားခွင့်ရဖို့ ကျနော် မျှော်လင့်နေပါတယ် ဟု ပြောဆိုခဲ့သည်။

အိုချိုအာမှာ မက္ကဆီကိုကလပ် အမေရိကတွင် ကစားနေရာမှ ပြင်သစ်လိဂ်ဝမ်းကလပ် အေဂျက်စီယိုသို့ ၂၀၁၁-၁၂ရာသီတွင် ရောက်ခဲ့ပြီး ၂၀၁၄-၁၅တွင် စပိန်ကလပ် မာလာဂါ ထိုမှတစ်ဆင့် ဂရာနာဒါသို့ ရောက်လာကာ လက်ရှိတွင် မာလာဂါလူစာရင်းထဲ၌ ပါဝင်နေဆဲ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here