Europe News

ဗိုလ်စွဲခဲ့သော ဂျာမနီ

Jul 03 , 2017

ပိုလန်တွင်ကျင်းပသော ဥရောပ ယူ-၂၁ ပြိုင်ပွဲတွင် ဂျာမနီ ယူ-၂၁ အသင်း ဗိုလ်စွဲနိုင်ခဲ့သကဲ့သို့ ရုရှတွင် ကျင်းပသော ကွန်ဖက် ဒရေးရှင်းဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းကြီး ဗိုလ်စွဲပြနိုင်ခဲ့သည်။

ပရိသတ် ၅သောင်းကျော် အားပေးခဲ့ကြသော စိနဲ့ ပီတာစဘတ်ကွင်းမှ ဗိုလ်လုပွဲတွင် ဂျာမနီက ချီလီကို စတင်းဒ် သွင်းယူခဲ့သော ဂိုးဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

မိုချင်ဂလက်ဘက်ကလပ်ကစားသမားဖြစ်သူ စတင်းဒ်က ပွဲချိန် မိနစ် ၂၀ တွင် သွင်းယူခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဂျာမနီက ကိုပါအမေရိက ချန်ပီယံကို အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

ဂျာမနီအသင်းမှာ ကွန်ဖက်ဒရေးရှင်းဖလားပွဲများတွင် ပထမဆုံးအကြိမ်ဗိုလ်စွဲခြင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဂျာမနီနှင့် ချီလီမှာ ဇွန်လ ၂၃ ရက်နေ့ အုပ်စုပွဲတွင် တွေ့ဆုံခဲ့ကြစဉ်က ၁ဂိုးစီ သရေကျခဲ့ကြပြီး ချီလီ၏ အစကောင်းသော ကစားပုံကြောင့် ချီလီကို ဗိုလ်စွဲလိမ့်မည်ဟု ထင်ကြေးပေးသူများလည်း ရှိခဲ့သည်။

ယခုပွဲတွင် ဂျာမနီမှ ဝါနာအပေါ် အဝင်ကြမ်းခဲ့သော ချီလီမှာ ဇာရာမှာ ကံကောင်းစွာဖြင့် ကွင်းလယ်ဒိုင်၏ အနီကတ်ပြ ထုတ်ပယ်ခံရနိုင်သည့်အနေအထားနှင့် လွဲချော်ခဲ့ရသည်။

ကွန်ဖက်ဒရေးရှင်းဖလား တတိယနေရာလုပွဲတွင် ပေါ်တူဂီက မက္ကဆီကိုကို အချန်ပို ကစားကာ ၂-၁ဖြင့် အနိုင်ရခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here