EPL News

လာကာဇက်တီကို ဝင်းဂါးခေါ်ယူ

Jul 03 , 2017

အာဆင်နယ်နည်းပြ ဝင်းဂါးမှာ လိုင်ယွန်တိုက်စစ်မှုး လာကာဇက်တီကို ကလပ်စံချိန်တင်ဈေး ပေါင် ၄၄ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အာဆင်နယ်အသင်းမှာ ယခင်က ဈေးအမြင့်ဆုံးပေးခေါ်ယူမှုအဖြစ် ရီးရဲလ်မှ အိုဇေးလ်ကို ပေါင် ၄၂.၅သန်းဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သဖြင့် ယခု လာကာဇက်တီ၏ ပြောင်းရွှေ့ကြေးမှာ အမြင့်ဆုံးပင် ဖြစ်သည်။

ဝင်းဂါးအနေနှင့် ၂၆ နှစ်သား လာကာဇက်တီကို လွန်ခဲ့သော  ၁နှစ်က ပေါင် ၂၉ သန်းပေး၍ ကမ်းလှမ်းခဲ့သော်လည်း ခေါ်ခွင့်မရခဲ့ပဲ ယခုနွေ အပြောင်းအရွှေ့စတင်ချိန်တွင် ပေါင် ၃၉.၅ သန်းဖြင့် ကမ်းလှမ်းရာ၌ ပြင်သစ်လိဂ်ဝမ်းကလပ် လိုင်ယွန်က ပယ်ချခဲ့သေးသည်။

အာဆင်နယ်က လိုချင်နေခဲ့သော မိုနာကိုမှ အမ်ဘက်ပီမှာ ခေါ်ယူရန်မလွယ်သည့်အတွက် လိုင်ယွန်တိုက်စစ်မှုးဘက် ဦးလှည့် သွားခြင်းဖြစ်ပြီး လာကာဇက်တီမှာ ဇာတိမြေကလပ် လိုင်ယွန်အတွက် စုစုပေါင်း ၂၇၅ ပွဲ ကစား ၁၂၉ ဂိုး သွင်းယူပေးထားသူ ဖြစ်သည်။

လွန်ခဲ့သော ၂၀၁၆-၁၇ တွင် ၄၅ ပွဲကစား ၃၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဆေးစစ်ပြီးပါက အာဆင်နယ်နှင့် တရားဝင် စာချုပ်ချုပ် ဆိုပွဲကျင်းပမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here