EPL News

နောက်ခံလူခေါ်တဲ့ အဲဗာတန်

Jul 04 , 2017

အဲဗာတန်အသင်းမှာ ဘန်လေမှ အင်္ဂလန်နောက်ခံလူ မိုက်ကယ်ကိန်းကိုခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် ကိန်းကို အဲဗာတန်က ကလပ်စံချိန်တင်ဈေးပေါင် သန်း ၃၀ ဖြင့် ၅ နှစ်စာချုပ်ချုပ် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုခေါ်ယူမှုမှာ ၂၀၁၇-၁၈ ရာသီကြိုအတွက် ၅ယောက်မြောက် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အဲဗာတန်အသင်းမှာ ယမန်နေ့က မာလာဂါ တိုက်စစ်မှုး ရာမီရက်ဇ်ကိုလည်း ပေါင် ၅.၂သန်းဖြင့် ခေါ်ယူခဲ့ပြီ ဖြစ်သည်။

နောက်ခံလူ ကိန်းကဲ့သို့ပင် ပြောင်းရွှေ့ကြေးပေါင် သန်း ၃၀ ဖြင့် ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူထားခဲ့သော အဲဗာတန်မှာ ယခုနွေတွင် အသုံးစရိတ် စုစုပေါင်း ပေါင်သန်း ၉၀ ခန့် ရှိပြီ ဖြစ်သည်။

ကိန်းက သူ့အနေနှင့် လွန်ခဲ့သောရာသီက အဲဗာတန်ကစားပုံများကို ကြည့်ရှုခဲ့ဘူးကြောင်း အသင်းကစားပုံနှင့် လိုက်လျောညီထွေ ကစားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ကစားသမားတိုင်း၏ ခြေစွမ်းများမှာလည်း ပိုမိုတိုးတက်လာနေကြောင်း ပြောဆိုသွားခဲ့ သည်။

ကိန်းမှာ ကစားသမားဘဝကို မန်ယူနှင့် စတင်ခဲ့သော်လည်း နည်းပြဗန်ဂေါလ်လက်ထက်တွင် ဘန်လေသို့ ပေါင် ၂သန်းဖြင့် ထုတ်ရောင်းခဲ့ကာ ယခုအဲဗာတန်သို့ အပြောင်းအရွှေ့အတွက်မန်ယူက စာချုပ်ပါ စည်းမျဉ်းအတိုင်း ပြောင်းရွှေ့ကြေး၏ ၂၅%ကို ရရှိမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here