EPL News

ပြန်လာမည့် လေးမန်း

Jul 04 , 2017

ဂိုးသမားတစ်ဦးဖြစ်ခဲ့သူ လေးမန်းမှာ အသင်းဟောင်း အာဆင်နယ်သို့ ဂိုးနည်းပြ တစ်ဦးအဖြစ် ပြန်လာမည်ဟု သိရသည်။

ယခုပြန်လာမှုမှာ အသင်းသို့ တတိယအကြိမ်မြောက် ပြန်လည်ခြေချခြင်းဖြစ်ပြီး ယခင် ၂ကြိမ် ကစားသမားဘဝက အာဆင်နယ် အတွက် ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးခဲ့သူ ဖြစ်သည်။

ဂျာမနီလက်ရွေးစင်ဖြစ်ခဲ့သူ လေးမန်းမှာ လက်ရှိ ဂိုးသမားများဖြစ်သော ပီတာဆက်ခ်ျ၊ အော့စပီနာ၊ မာတီနက်ဇ်တို့ကို ဂိုးသမား နည်းပညာများနှင့် ပတ်သက်၍ သင်ကြားပြသပေးရမည် ဖြစ်သကဲ့သို့ နည်းပြ ဝင်းဂါးကိုလည်း အကြံဥာဏ်များ ပေးခွင့်ရမည် ဖြစ်သည်။

အာဆင်နယ်အသင်း၏ တစ်ရာသီလုံး ရှုံးပွဲမရှိ ကစားနိုင်ခဲ့သည့် ၂၀၀၃-၀၄ ရာသီက ဂိုးသမားများမှာ လေးမန်းပင် ဖြစ်သည်။ ၂၀၀၃မှစ၍ ဂိုးနည်းပြ တစ်ဦးအဖြစ် အာဆင်နယ်တွင် ရှိနေခဲ့သော ဂယ်ရီပေတန်မှာ ယခုအခါ လေးမန်းနှင့်အတူ တွဲ အလုပ်လုပ်ရမည် ဖြစ်သည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သော လေးမန်းမှာ ၂၀၀၃ ဇူလိုင်တွင် ဒေါ့မွန်မှ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၀၇-၀၈ တွင် အသင်းမှ ထွက်ခဲ့သည်။

သို့သော် ဂိုးသမားများ ဒဏ်ရာရရှိနေမှု ၂၀၁၁ မတ်လတွင် အသင်းသို့ ဒုတိယအကြိမ် ပြန်လည်ရောက်လာကာ ၃လတာအရန်ဂိုးသမားအဖြစ် ကစားခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here