Gossips

ဂျော့ဝီယာ၏သား ဘောလုံးကန်ပြီ

Jul 04 , 2017

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ရွှေဘောလုံးဆုရခဲ့ဘူးသော ဂျော့ဝီယာ၏သားဖြစ်သူမှာ PSG အသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားစာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အသက် ၁၇ နှစ်အရွယ် တင်မိုသီဝီယာမှာ ပြင်သစ်ထိပ်တန်းကလပ်ဖြစ်သော PSG နှင့် ၂၀၂၀ အထိ စာချုပ်ချုပ်လိုက်ခြင်းဖြစ်ပြီး သူသည် PSG သို့ ၂၀၁၄ကတည်းက ရောက်နေသူ ဖြစ်သည်။

သူသည် လွန်ခဲ့သောရာသီ UEFA လူငယ်လိဂ်ပွဲစဉ်များအတွင်း လူဒိုဂိုရက်စ်နှင့် ရင်ဆိုင်ရသောပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

တင်မိုသီက ယခုကဲ့သို့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ များစွာဂုဏ်ယူကြောင်း၊ ထိပ်တန်းကလပ်တစ်ခုနှင့်အတူ ရှိနေရသော အချိန်တွင် မိမိသည် ကစားခွင့်ရမည့်အချိန်ကိုစောင့်နေရသည်ကို စိတ်မရှည်နိုင်တော့ကြောင်း၊ တစ်နေ့တွင် PSG အသင်းကြီးနှင့် အတူ ကစားခွင့်ရမည်ဟု ယုံကြည်ထားခဲ့သမျှ လက်တွေ့ဖြစ်လာပြီဟု ဆိုနိုင်ကြောင်း ပြောဆိုသွားခဲ့သည်။

တင်မိုသီ၏ ဖခင်ဖြစ်သူ လိုင်ဘေးရီးယား လက်ရွေးစင် ဂျော့ခ်ျဝီယာမှာ ၁၉၉၂ မှ ၁၉၉၅ အတွင်း PSG အတွက် ကစားခဲ့သူဖြစ်ပြီး မီလန်သို့ ပြောင်းပြီးနောက် ရွှေဘောလုံးဆုရခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here