EPL News

ဗီလာရောက် တယ်ရီ

Jul 04 , 2017

ချဲလ်ဆီးနှင့် အင်္ဂလန်အသင်းကပ္ပတိန်ဟောင်းတစ်ဦးဖြစ်သူ ဂျွန်တယ်ရီမှာ အက်စတန်ဗီလာကလပ်သို့ ပြောင်းရွှေ့သွားပြီ ဖြစ် သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော တယ်ရီမှာ လွန်ခဲ့ငော ဇွန် ၃၀ ရက်နေ့တွင် ချဲလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ချန်ပီယံရှစ်ကလပ် ဗီလာသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

တယ်ရီကို ပရီးမီးယားလိဂ်ကလပ်အချို့က လစာပိုပေး၍ ကမ်းလှမ်းခဲ့ကြသော်လည်း အသင်းဟောင်းချဲလ်ဆီးနှင့် အနည်းဆုံး ၂ကြိမ်တိုင် ပြန်လည်ရင်ဆိုင်ရမည့်အရေးကြောင့် ချန်ပီယံရှစ်ကလပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သူသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၇၈ ပွဲကစားခဲ့ပြီး ချဲလ်ဆီးအတွက် ၇၁၇ ပွဲ ကစားခဲ့ကာလွန်ခဲ့သော မေလက ချဲလ်ဆီးနှင့် အတူ ပဉ္စမအကြိမ်မြောက် ပရီးမီးယားဆုဖလားကို ရရှိခဲ့သူ ဖြစ်သည်။

ဗီလာအသင်းမှာ လွန်ခဲ့သောရာသီက ချန်ပီယံရှစ် အဆင့် ၁၃ ရခဲ့ပြီး ၂၀၁၇-၁၈ တွင် ပရီးမီးယားသို့ တန်းတက်ခွင့်ရမည်ဟု နာမည်ကြီးခဲ့သော အသင်းဖြစ်သည်။

တယ်ရီမှာ ကစားသမားဘဝတွင် အသင်း ၂သင်း၌သာ ကစားခဲ့ဘူးသူဖြစ်ပြီး ချဲလ်ဆီးနှင့် ၂၀၀၀ ပြည့်နှစ်က ခေတ္တအငှားစာချုပ်ဖြင့် သွားကစားခဲ့သော နော်တင်ဟမ်ဖောရက်စ်တို့ ဖြစ်ကြကာ ဗီလာမှာ တယ်ရီအတွက် တတိယမြောက် ကစားဘူးသော အသင်းဖြစ်လာခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here