EPL News

မန်ယူရောက် လူကာကူ

Jul 07 , 2017

မန်ယူအသင်းသည် အဲဗာတန်တိုက်စစ်မှုး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းပေး၍ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

၂၄ နှစ်သား ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူမှာ လွန်ခဲ့သောရာသီ ပရီးမီးယားလိဂ်တွင် ၂၅ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး မန်ယူအနေနှင့် လူကာကူကို ခေါ်ခဲ့ပြီဖြစ်ခြင်းကြောင့် ရီးရဲလ်မှ မိုရာတာကို ထပ်မံခေါ်ယူရန်မှာ သေချာတော့မည် မဟုတ်ပေ။

ထို့အတူ အဲဗာတန်မှ လူကာကူကို ခေါ်ယူရာတွင် အဲဗာတန်က အလိုရှိနေသော ရွန်းနီကို ပြန်ခေါ်ရေးနှင့် ပတ်သက် ဆက်စပ်ခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။

အဲဗာတန်မှာ မန်ယူတွင် နေရာမရဖြစ်နေသော အသင်းသားဟောင်း ရွန်းနီကို ပြန်ခေါ်လိုနေပြီး ရွန်းနီကလည်း လွန်ခဲ့သော ရာသီကကဲ့သို့ပင် အဖြည့်ခံကစားသမားမျိုးဘဝနှင့် မနေလိုတော့ဟု ဆိုထားပြီး ဖြစ်သည်။

သို့သော် ရွန်းနီ၏ ပြောင်းရွှေ့ကြေးနှင့် မြင့်မားသောလစာနှုန်းထားတို့က အဲဗာတန်ကို ဆုံးဖြတ်ရခက်ခဲနေစေခဲ့သည်။ လွန်ခဲ့သောရာသီက မန်ယူသို့ရောက်လာသော ပိုဂဘာ၊ မိုဗစ်၊ အမ်ခီတာရန်တို့၏ အေးဂျင့်မှာ လူကာကူ၏ အေးဂျင့်ပင်ဖြစ်သည့် ရိုင်အိုလာ ဖြစ်သည်။

၁၉၈၅-၈၆တွင် လိုင်နီကာက အဲဗာတန်အတွက် လိဂ်ဂိုး၂၀ သွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်အတွင်း လိဂ်ဂိုး ၂၀ ကျော် ပြန်သွင်းပြနိုင်ခဲ့သူမှာ လူကာကူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here