Europe News

ဂိုးသွင်းဖို့မှန်းတဲ့ ကနေဒါ

Jul 07 , 2017

ကွန်ကာကက်ဖ်ရွှေဖလားပြိုင်ပွဲဝင်မည့် ကနေဒါအသင်း၏ ရည်မှန်းချက်မှာ ပွဲစဉ်များတွင် ဂိုးသွင်းယူနိုင်ရေးဖြစ်ကြောင်း နည်းပြဇမ်ဘရာဒိုက ပြောဆိုလိုက်သည်။

ကွန်ကာကက်ဖ်ဇုန်မှ အသင်းများ၏ ရွှေဖလားပြိုင်ပွဲကို မနက်ဖြန် စနေနေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၂ သင်းက ၄သင်းပါ ၃ အုပ်စုဖြင့် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ကနေဒါအသင်းမှာ ကော်စတာရီကာ၊ ဂူယာနာ၊ ဟွန်ဒူးရပ်စ်တို့နှင့်အတူ အုပ်စုA တွင် ပါဝင်ပြီး မနက်ဖြန်တွင် ဂူယာနာနှင့် စတင်ကစားရမည် ဖြစ်သည်။

ကနေဒါနည်းပြအဖြစ် တာဝန်ယူခဲ့သည်မှာ ရက်ပေါင်း ၁၀၀ ကျော်သာရှိသေးသော ဇမ်ဘရာနိုမှာ ယခုပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေပြီး လွန်ခဲ့သော ရွှေဖလားပြိုင်ပွဲ ၂ကြိမ်တွင် ဂိုးမသွင်းနိုင်ခဲ့သည့် ဒုက္ခမှ လွတ်နိုင်ရေးအတွက် အသင်းကို ဖိအားပေးပြောဆိုနေခြင်း ဖြစ်သည်။

အီကွေဒေါနိုင်ငံသားဖြစ်သူ ဇမ်ဘရာနိုက အသင်းတစ်သင်းအနေနှင့် ဂိုးသွင်းနိုင်သည်နှင့် အနိုင် ၃မှတ်ကို မျှော်လင့်၍ရပြီဖြစ်ကြောင်း ဂိုးမသွင်းနိုင်ပါက မရှုံးနိုင်သော်လည်း နိုင်ပွဲရလာမည်မဟုတ်ကြောင်း၊ မိမိတို့တိုက်စစ်မှုးများအနေနှင့် အဓိကတာဝန်ဖြစ်သော ဂိုးသွင်းနိုင်ရေးအတွက် အားထုတ်နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

ရွှေဖလားပြိုင်ပွဲကို ဇူလိုင် ၈ ရက်တွင် စတင်မည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲမှာ ဇူလိုင် ၂၇ ရက်နေ့ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here