La-liga News

နုတ်ထွက်မယ့် ဒါရိုက်တာ

Jul 07 , 2017

ပြင်သစ်လိဂ်ဝမ်း အမှတ်ပေးချန်ပီယံ မိုနာကိုအသင်းမှ အားကစားဒါရိုက်တာ အန်တိုနီယို ကော်ဒွန်းမှာ အပြောင်းအရွှေ့ ကာလပြီးဆုံးချိန်တွင် အသင်းမှထွက်ခွာတော့မည် ဖြစ်သည်။

ကော်ဒွန်းမှာ လာလီဂါကလပ်တစ်ခုဖြစ်သော ဗီလာရီးရဲလ်တွင် ၁၇ နှစ်ကြာ တာဝန်မျိုးစုံယူခဲ့ဘူးသူဖြစ်ပြီး လွန်ခဲ့သော ၁၂လကမှ မိုနာကိုသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိ တက်ခဲ့ပြီး ပြည်တွင်းအမှတ်ပေးပွဲတွင်လည်း ချန်ပီယံဖြစ်ခဲ့သော မိုနာကိုအသင်းမှာ ယခု အပြောင်းအရွှေ့ကာလအတွင်း အသင်း၏ အဓိကကစားသမား ၂ဦးဖြစ်သော ဆေးလ်ဗားနှင့် ဂါမိန်းတို့ကို ထုတ်ရောင်းခဲ့သကဲ့သို့ အမ်ဘက်ပီ၊ ဘာကာယိုကို၊ မန်ဒီ၊ ဖေဘင်ဟို၊ ဆီဒီဘီအစရှိသော ကစားသမားများမှာလည်း လစာငွေများများရမည့် အသင်းများဆီသို့ ပြောင်းရွှေ့ရန် စိတ်ပါနေကြသောကြောင့် ကော်ဒွန်းမှာ အသင်းမှ အခြားတာဝန်ရှိသူများနှင့် သဘောချင်း မတိုက်ဆိုင်တော့၍ အသင်းပြောင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယခင်က PSG ၊ ချဲလ်ဆီးတို့သို့ ရောက်လိမ့်မည်ဟု နာမည်ထွက်ခဲ့သော ကော်ဒွန်းမှာ နောက်ဆုံးသတင်းများအရ စီးရီးအေ ကလပ် မီလန်သို့ သွားမည်ဟု သိရသည်။

U Myo Thant




<< Back La-liga News


Advertisement
Here