Europe News

စတင်နေသော ရွှေဖလားပြိုင်ပွဲ

Jul 10 , 2017

ကွန်ကာကက်ဖ်ရွှေဖလားပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် စတင်ယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။

၎သင်းပါ ၃အုပ်စုပါဝင်သော ထိုပြိုင်ပွဲကို လွန်ခဲ့သော စနေနေ့က စတင်ခဲ့ခြင်းဖြစ်ပြီး မက္ကဆီကိုနှင့် အဲလ်ဆာဗေဒိုပွဲမှအပ အုပ်စုပွဲစဉ် ၁ကို ယှဉ်ပြိုင်ခဲ့ကြပြီး ဖြစ်သည်။

စနေနေ့ပွဲစဉ်များတွင် ကနေဒါနှင့် ကော်စတာရီကာတို့ နိုင်ပွဲရခဲ့ပြီး၊ တနင်္ဂနွေနေ့ပွဲတွင် အမေရိကန်နှင့် ပနားမားပွဲမှာ သရေကျခဲ့ကာ မာတီနစ်က နီကာရာဂွာကို ၂-၀ဖြင့် အနိုင်ရခဲ့သည်။

ယနေ့ အစောပိုင်းပွဲစဉ်တွင် ဂျမေကာက ကူရာကာအိုကို ၂-၀ဖြင့်ပင် အနိုင်ရခဲ့သည်။

ကနေဒါနှင့် ကော်စတာရီကာတို့က ၃မှတ်စီဖြင့် အုပ်စု A ကို ဦးဆောင်နေပြီး အမေရိကန်မှာ သရေသာရခဲ့၍ လက်ကျန်ပွဲများတွင် ရုန်းရဦးမည် ဖြစ်သည်။

အုပ်စု C တွင် ဂျမေကာက ၃မှတ်ရထားကာ နာမည်ကြီး မက္ကဆီကိုမှာ ယနေ့ ညနေတွင်မှ ပွဲစဉ် ၁ ကစားရမည် ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ကော်စတာရီကာနှင့် ကနေဒါတို့တွေ့ကြမည်ဖြစ်သဖြင့် အနိုင်ရသော အသင်းက အုပ်စုတွင်း အသာစီးဖြင့် ဦးဆောင်ခွင့်ရရှိမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here