EPL News

ဌာနေပြန်တဲ့ ရွန်းနီ

Jul 10 , 2017

၂၀၀၄ တွင် မန်ယူသို့ ရောက်ရှိခဲ့သော တိုက်စစ်မှုး ရွန်းနီမှာ ၁၃ နှစ်အကြာ ၂၀၁၇ တွင် ဇာတိမြေ လီဗာပူးမြို့ အခြေစိုက် အဲဗာတန်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီ ဖြစ်သည်။

အဲဗာတန်မှ လူကာကူ မန်ယူရောက်ချိန်တွင် ရွန်းနီက အဲဗာတန်သို့ ပြန်လာခြင်းဖြစ်ပြီး လူကာကူ ဝတ်ဆင်ခဲ့သော ကျောနံပါတ် ၁၀ ကိုရရှိမည် ဖြစ်သည်။

အသက် ၁၁ နှစ်သားအရွယ်ကတည်းက အဲဗာတန်လူငယ်အသင်းသို့ ရောက်ရှိနေခဲ့သော ရွန်းနီမှာ ၂၀၀၂ မှ ၂၀၀၄ အထိ အဲဗာတန်အသင်းကြီးတွင် ၆၇ ပွဲကသစား ၁၅ ဂိုး သွင်းယူပေးခဲ့ပြီးနောက် မန်ယူသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းခေါင်းဆောင်အဖြစ်သာမက အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ်ပါ ရလာခဲ့သူ  ရွန်းနီမှာ မန်ယူတွင် ခြေစွမ်းပြနိုင်ခဲ့ကာ မန်ယူအသင်း၏ ဂိုးသွင်းအများဆုံး တိုက်စစ်မှုးအဖြစ် စံချိန်တင်နိုင်ခဲ့သူ ဖြစ်သည်။

ထို့အပြင် ၂၀၀၃ မှစ၍ လက်ရွေးစင်ဖြစ်လာသော ရွန်းနီမှာ အင်္ဂလန်အတွက် ၁၁၉ ပွဲကစား ၅၃ ဂိုး သွင်းနိုင်ခဲ့ပြီး နောက်ထပ်စံချိန်ထပ်တင်ခဲ့သူ ဖြစ်သည်။

သို့သော် မန်ယူအတွက် ၃၉၃ ပွဲ ကစား ၁၈၃ ဂိုး ရခဲ့သောရွန်းနီမှာ မန်ယူသို့ နည်းပြ  မော်ရင်ဟိုရောက်လာချိန်မှစ၍ ပွဲထွက်ကစားခွင့် နည်းပါးလာခဲ့ပြီး ချောင်ထိုးခံရသည့် ကစားသမားကဲ့သို့ ခံစားလာစေခဲ့ရသည်။

ထို့ကြောင့် ရွန်းနီမှာ ဆက်နေလျှင်လည်း နေရာရမည်မဟုတ်တော့သဖြင့် အသင့်တော်ဆုံးအသင်း အဲဗာတန်သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here