EPL News

အင်္ဂလန်အတွက် မျှော်လင့်တဲ့ ရွန်းနီ

Jul 11 , 2017

တစ်ရာသီလုံး ၁၅ ပွဲသာ ကစားခဲ့ရသော မန်ယူအသင်းထံမှ ထွက်ခဲ့ပြီး ထိုထက်ပို၍ ပွဲများစွာ ကစားခွင့်ရမည့် အဲဗာတန်သို့ ပြောင်းရွှေ့ခဲ့သူ ရွန်းနီက ယခု အပြောင်းအရွှေ့ကြောင့် အင်္ဂလန် လက်ရွေးစင်အသင်းနှင့် ပြန်လည်နေရာရလာမည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

၃၁ နှစ်သား ရွန်းနီက ဌာနေဇာတိသို့ ပြန်လာခြင်းမှာ အငြိမ်းစားယူရန်အတွက် မဟုတ်ကြောင်း၊ အဲဗာတန်တွင် ခြေစွမ်းပြနိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ပြီး ထိုသို့ အစွမ်းပြနိုင်ခဲ့ပါက လက်ရွေးစင် အဖြစ် ပြန်လည်ခေါ်ယူခံရနိုင်ကြောင်း၊ လက်ရွေးစင်ပြန်ဖြစ်ရန် ကြိုးစားမည်ဖြစ်သကဲ့သို့ အဲဗာတန်နှင့်အတူ ဆုဖလားတစ်ခုခု ရယူပြန်ရန်ကိုလည်း အားထုတ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အင်္ဂလန်အတွက် ဂိုးသွင်းအများဆုံး တိုက်စစ်မှုး ရွန်းနီမှာ လွန်ခဲ့သော နိုဝင်ဘာလနောက်ပိုင်းမှစ၍ လက်ရွေးစင်အဖြစ် အရွေးချယ်ခံရခြင်းမရှိတော့သူ ဖြစ်သည်။

မန်ယူ ပရိသတ်များက ရွန်းနီထွက်ခွာသွားမှုကြောင့် ဝမ်းနည်းစကားဆိုခဲ့ကြပြီး အဲဗာတန်ပရိသတ်များကလည်း ရွန်းနီရောက်ရှိလာခြင်းမှာ လာခြင်းကောင်းသော ရောက်ရှိခြင်းဟု ဆိုနိုင်ကြောင်း အသီးသီး ယူဆပြောဆိုခဲ့ကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here