EPL News

မန်ယူကပ္ပတိန် ကားရစ်

Jul 12 , 2017

မန်ယူအသင်းသည် ရွန်းနီကို အသင်းမှ ထွက်ခွာခွင့်ပေးခဲ့ပြီးနောက် ဝါရင့်ကွင်းလယ်ကစားသမား ကားရစ်ကို အသင်းခေါင်းဆောင် အဖြစ် သတ်မှတ်ခန့်အပ်လိုက်ပြီ ဖြစ်သည်။

မန်ယူတွင် ၁၃ နှစ်ကြာ ကစားခဲ့သော ထိပ်တန်းဂိုးသွင်းရှင် ရွန်းနီမှာ နည်းပြမော်ရင်ဟိုနှင့် အဆင်မပြေဖြစ်ခဲ့ကာ လွန်ခဲ့သော ရာသီ တွင် ၁၈ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည်။ ထို့ကြောင့် ပုံမှန်ကစားခွင့်ရနိုင်သည့်အပြင် ငယ်စဉ်ကတည်းက ကစားသမားဘဝစခဲ့ရ သည့် အဲဗာတန်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

မန်ယူနှင့် လမ်းခွဲခဲ့ရသော်လည်း ရွန်းနီမှာ မန်ယူကို သတိရနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ကားရစ်ကလည်း ရွန်းနီအတွက် ဆုတောင်းစကား ပြောဆိုခဲ့သည်။

ရွန်းနီမရှိတော့သဖြင့် မန်ယူတွင် လုပ်သက်အရှည်ကြာဆုံး ကစားသမားဖြစ်သော ကားရစ်ကို ကပ္ပတိန်ရာထူးပေးအပ်ခဲ့ပြီး ကားရစ်မှ မန်ယူအတွက် ကာလအရှည်ကြာဆုံး (၁၂) ရာသီ ကစားပေးခဲ့သူ ဖြစ်သည်။

အချို့သတင်းများတွင် ဒုကပ္ပတိန်ရာထူးကို ကွင်းလယ်ကစားသမား ဟာရားရားကို ပေးအပ်ထားကြောင်း ဖော်ပြခဲ့ကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here