EPL News

PSG ရွှေ့မည့် အဲလ်ဗက်စ်

Jul 12 , 2017

မန်စီးတီးသို့ပြောင်းမည်ဟု သတင်းထွက်နေသော်လည်း ဂျူဗင်တပ် နောက်ခံလူ အဲလ်ဗက်စ်မှာ ပြင်သစ်ကလပ် PSG သို့ ရောက်တော့မည်ဟု ဆိုသည်။

ဂျူဗင်တပ်အသင်းမှ ထွက်ခွာခွင့်ရထားသော အဲလ်ဗက်စ်ကို အသည်းအသန် ခေါ်ယူလိုနေသည်မှာ နည်းပြ ဂွာဒီယိုလာ၏ မန်စီးတီးဖြစ်သော်လည်း ပြင်သစ်မှလာသော သတင်းများအရ PSG နှင့် နုတ်ကတိရထားကြပြီဟု သိရသည်။

မကြာမီရက်ပိုင်းအတွင်းကမှ မင်္ဂလာပွဲဆင်နွဲခဲ့သူ အဲလ်ဗက်စ်မှာ ယမန်နေ့ နေ့လည်က ပြင်သစ်မြေ ပဲရစ်တွင်ရှိနေပြီး PSG တွင် ဆေးစစ်မှုခံရန်အတွက် ပြင်ဆင်နေသည်ဟု ပြင်သစ်သတင်းစာတစ်စောင်က ရေးသားခဲ့ကာ ယင်းမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာ အတွက် သတင်းဆိုးဖြစ်ခဲ့ရသည်။

၃၄ နှစ်သား အဲလ်ဗက်စ်မှာ PSG နှင့် ၂နှစ်စာချူပ်ချုပ်မည်ဟုသိရပြီး အမေရိကန်သို့ ရာသီကြို ခရီးထွက်နေသော မန်စီးတီးအတွက် နောက်ခံလူ တစ်ဦး ရှာပုံတော် ဖွင့်ရဦးမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here