Serie-A News

ဂျူဗင်တပ်ရောက် ကော်စတာ

Jul 13 , 2017

ဘရာဇီးတောင်ပံကစားသမား ဒေါက်ကလပ်စ် ကော်စတာမှာ ဘိုင်ယန်မှ ဂျူဗင်တပ်သို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ် သည်။

ဘရာဇီးလက်ရွေးစင် ၂၆ နှစ်သား ကော်စတာမှာ ကာလရှည်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထိုအငှားကာလအတွက် ပေါင် ၅.၃ သန်းပေးချေရမည်ဖြစ်ကာ တရားဝင်စာချုပ်ချုပ် ခေါ်ယူသောအခါတွင် ပေါင် ၃၅.၄သန်း ပေးရမည် ဖြစ်သည်။

ကော်စတာမှာ ၂၀၁၅ ဇူလိုင်တွင် ရှက်တာဒိုးနက်မှ ဘိုင်ယန်သို့ ရောက်လာသူဖြစ်ပြီး ၇၇ ပွဲတွင် ၁၄ဂိုး သွင်းယူခဲ့ကာ ဘွန်ဒစ်လီဂါ ဖလား ၂ကြိမ်နှင့် ဂျာမန်လိဂ်ဖလားတို့ ရရှိခဲ့သည်။

ဘိုင်ယန်မှာ ရီးရဲလ်တိုက်စစ်မှုး ဂျိမ်းစ်ရိုဒရီဂုဇ်ကို ခေါ်ယူခဲ့ပြီးနောက် ကော်စတာကို အငှားချခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here