EPL News

ဆိုစီဒက်ပြောင်းတဲ့ ဂျာနူဇက်

Jul 13 , 2017

မန်ယူကစားသမား ဂျာနူဇက်မှာ စပိန်လာလီဂါကလပ် ဆိုစီဒက်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

ဘယ်လ်ဂျီယံသားတောင်ပံကစားသမား ဂျာနူဇက်မှာ ပြောင်းရွှေ့ကြေးပေါင် ၉.၈သန်းဖြင့် ၅နှစ်စာချုပ်ချုပ်၍ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

၂၂ နှစ်သား ဂျာနူဇက်ကို မန်ယူနည်းပြ မော်ရင်ဟိုက အသင်းသစ်ရှာရန် ပြောဆိုထားခြင်းကြောင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်တွင် အန်းဒါးလက်ခ်ျမှ မန်ယူသို့ ရောက်လာသူဖြစ်ပြီး ၂၀၁၃ တွင် မန်ယူအသင်းကြီး၌ ပါဝင်ခွင့်ရခဲ့သူ ဖြစ်သည်။

ရွိင်ယန်ဂစ် ဝတ်ဆင်ခဲ့သော ကျောနံပါတ် ၁၁ ကို ဂျာနူဇက်ရရှိခဲ့သော်လည်း နည်းပြ ဗန်ဂေါလ် လက်ထက် ၂၀၁၅-၁၆ တွင် ဒေါ့မွန်သို့ အငှားချခံခဲ့ရသည်။

လွန်ခဲ့သော ရာသီတွင် အဲဗာတန်နှင့် မန်ယူနည်းပြဟောင်း မိုရက်စ်ရှိရာ ဆန်းဒါးလန်းသို့ ထပ်မံအငှားချခံရသူ ဖြစ်သည်။

ယခု ဂျာနူဇက်ကို ခေါ်ယူခဲ့သော ဆိုစီဒက်မှာ လွန်ခဲ့သောရာသီ လာလီဂါတွင် အဆင့် ၆ ရခဲ့သဖြင့် ယခုရာသီတွင် ယူရိုပါလိဂ်ပွဲများ ကစားခွင့်ရမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here