EPL News

မန်စီးတီးရောက်တော့မည့် ဝေါ်လ်ကာ

Jul 14 , 2017

စပါး ညာနောက်ခံလူ ဝေါ်လ်ကာမှာ မန်စီးတီးနှင့် စာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီဟု သိရသည်။

အင်္ဂလန်လက်ရွေးစင်လည်းဖြစ်သူ ၂၇ နှစ်သား ဝေါ်လ်ကာမှာ မူရင်းပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နှင့် အပိုခံစားခွင့်အပါအဝင် စာချုပ်ချုပ်ရန် အဆင်သင့်ဖြစ်နေပြီး ယနေ့ စစ်ဆေးပြီးပါက လက်မှတ်ထိုးမည် ဖြစ်သည်။

ဝေါ်လ်ကာမှာ ၂၀၀၉ တွက် ရှဖီးယူနိုက်တက်မှ စပါးသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယခု မန်စီးတီးနှင့် စာချုပ်ချုပ်ပြီးပါက တနင်္လာနေ့တွင် အမေရိကန်ရောက်နေသော အသင်းထံ သွားရောက်ပူးပေါင်းမည် ဖြစ်သည်။

မန်စီးတီးအနေနှင့် မိုနာကို ဘယ်နောက်ခံလူ မန်ဒီကိုလည်း ပေါင်သန်း ၄၀ နှင့် ခေါ်ယူရန် ကြိုးစားနေပြီး ၂၂ နှစ်သား ပြင်သစ်လက်ရွေးစင် မန်ဒီမှာ မိုနာကိုအသင်းရာသီကြို လေ့ကျင့်ရေးသို့ သွားရောက်ခြင်း မရှိသေးဟု သိရသည်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာမှာ လွန်ခဲ့သော ရာသီကုန်တွင် ညာနောက်ခံလူ ၂ဦး အပါအဝင် နောက်ခံလူ ၃ဦးကို အသင်းမှ ထွက်ခွာခွင့်ပေးခဲ့သောကြောင့် ယခုကဲ့သို့ နောက်ခံလူသစ်များ ခေါ်ယူနေရခြင်း ဖြစ်သည်။

မန်စီးတီးသို့ ရောက်မည်ဟု နာမည်ကြီးခဲ့သော ဂျူဗင်တပ်မှ ဘရာဇီးသား နောက်ခံလူ အဲလ်ဗက်စ်မှာ PSG သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here