MNL News

အဆုံးဖြတ်ပွဲအတွက် မြန်မာနှင့် ဩစတြေးလျ ယှဉ်ပြိုင်မည်

Jul 15 , 2017

ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပလျက်ရှိသော ၂၀၁၇ အာဆီယံ ယူ-၁၅ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုစတုတ္ထပွဲစဉ်အဖြစ် မြန်မာ ယူ-၁၅ အသင်းနှင့် ဩစတြေးလျ ယူ-၁၅ အသင်းတို့သည် အုပ်စုတက်ရေးအဆုံးအဖြတ်ပွဲစဉ်အဖြစ် ဇူလိုင် ၁၅ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၅ အသင်းသည် ဇူလိုင် ၁၃ ရက်နေ့က အုပ်စုတတိယပွဲစဉ်အဖြစ် စင်ကာပူ ယူ-၁၅ အသင်းနှင့် ယှဉ်ပြိုင်ကစားပြီး နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် မြန်မာ ယူ-၁၅ အသင်းသည် သုံးပွဲကစားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရှုံးပွဲမရှိ ရမှတ် ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။ အုပ်စုတတိယနေရာတွင် ဩစတြေးလျ ယူ-၁၅ အသင်းက အင်ဒိုနီးရှား ယူ-၁၅ အသင်းကို ၇ဂိုး-၃ဂိုးဖြင့် သုံးပွဲကစားအပြီးတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် ခြောက်မှတ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။

ထို့ကြောင့် ရမှတ်တစ်မှတ်သာ ကွာဟသည့် မြန်မာ ယူ-၁၅ နှင့် ဩစတြေးလျ ယူ-၁၅ အသင်းတို့မှာ အုပ်စုတက်ရေးအတွက် ယင်းနေ့တွင် တွေ့ဆုံယှဉ်ပြိုင်ကစားရမည့်ပွဲစဉ်မှာ အဆုံးအဖြတ်ပွဲစဉ်တစ်ပွဲ ဖြစ်လာမည် ဖြစ်သည်။

အိမ်ရှင် ထိုင်း ယူ-၁၅ အသင်းမှာ သုံးပွဲကစားအပြီး သုံးပွဲစလုံးနိုင် ရမှတ် ကိုးမှတ်ဖြင့် အုပ်စုတက်ရန် အခြေအနေကောင်းများ ရှိနေပြီ ဖြစ်သည်။

မြန်မာ ယူ-၁၅ အသင်းမှာ အုပ်စုနောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ဩစတြေးလျ ယူ-၁၅ အသင်းတို့ အနိုင်ရရှိမှသာ နောက်တစ်ဆင့်တက်နိုင်မည့် အခြေအနေတွင် ရှိနေသည်။

U Myo Thant




<< Back MNL News


Advertisement
Here