MNL News

ပြန်လည်ရွေးချယ်မည့် တက္ကသိုလ်များ

Jul 15 , 2017

စင်ကာပူနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၉) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့သော အားကစားသမားများအား (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ပြန်လည်ရွေးချယ် မည်ဖြစ်ကြောင်း သိရသည်။

(၉) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများအနေဖြင့် တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့ပါက အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ပြန်လည်ရွေးချယ်ခံရမည်ဖြစ်ပြီး နိုင်ငံလက်ရွေးစင်ဖြစ်ရေး အတွက် အခွင့်အလမ်းကောင်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

(၉) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို စင်ကာပူနိုင်ငံ၌ ဇူလိုင် ၁၃ ရက်နေ့မှစ၍ ဇူလိုင် ၂၀ရက်အထိ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ အားကစားသမား စုစုပေါင်း ၄၆ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here