EPL News

ချဲလ်ဆီးကထွက်မယ့် ၂ယောက်

Jul 15 , 2017

ချဲလ်ဆီးအသင်း၏ တရုတ်သို့ ရာသီကြိုလေ့ကျင့်ရေးခရီးထွက်ရာသို့ လိုက်ပါသွားခြင်းမရှိသော ကော်စကာနှင့် မာတစ်တို့မှာ ချဲလ်ဆီးကို စွန့်ခွာမည့်သူများအဖြစ် နာမည်ထွက်လာပြီ ဖြစ်သည်။

မာတစ်မှာ မန်ယူနှင့် ဂျူဗင်တပ်သို့က ခေါ်ယူလိုနေသော ကစားသမားဖြစ်ပြီး ကော်စကာမှာလည်း အက်သလက်တီကိုသို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေပြီဟု ဆိုသည်။

ကော်စကာအနေနှင့် ချဲလ်ဆီး၏ရာသီကြိုလေ့ကျင့်ရေးသို့သွားရောက်ခြင်းမရှိသေးပဲ ဘရာဇီးတွင် ရှိနေဆဲဖြစ်ပြီး မာတစ်မှာလည်း နည်းပြကွန်တီ၏ ကစားကွက်တွင် ပါဝင်ရတော့မည် မဟုတ်ပေ။

ဂျူဗင်တပ်မှာ ဆာဘီးယားကွင်းလယ် ကစားသမား မာတစ်ကို လွန်ခဲ့သော နွေရာသီက ခေါ်ယူရန် ကြိုးစားခဲ့သေးပြီး မာတစ်အနေနှင့် ဆရာဟောင်း မော်ရင်ဟိုနှင့် ပြန်ဆုံဖြစ်ရန် မျှော်လင့်နေသေးသည်ဟု ဆိုသည်။

U Myo Thant




<< Back EPL News


Advertisement
Here