EPL News

ဆန်းချက်ဇ်ကို ဝင်းဂါးမျှော်လင့်

Jul 15 , 2017

အာဆင်နယ်နည်းပြ ဝင်းဂါးက ဆန်းချက်ဇ်အနေနှင့် အသင်းတွင် ဆက်ရှိမည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

၂၈ နှစ်သား ဆန်းချက်ဇ်မှာ အာဆင်နယ်နှင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ချီလီသားတိုက်စစ်မှုး ဆန်းချက်ဇ်ကို မန်စီးတီးက စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ဩစတြေးလျသို့ ရာသီကြိုခြေစမ်းပွဲများအတွက် ရောက်ရှိနေသော အာဆင်နယ်အတွက် ဆန်းချက်ဇ်ဆက်ရှိမည်ဟု ဝင်းဂါးက ယုံကြည်နေကာ ယနေ့ ဆစ်ဒနီ အနောက်ပိုင်းအသင်းနှင့် ကစားမည့် ပွဲစဉ်တွင် ဆန်းချက်ဇ်အနေနှင့် အကောင်းဆုံးကြိုးစားပြကာ အသင်းတွင်ဆက်နေမည့် အနေအထားကို ပြသသွားလိမ့်မည်ဟု ယူဆလျက်ရှိသည်။

အာဆင်နယ်မှ ကစားသမားများ ထွက်ခွာနိုင်မှုနှင့် ပတ်သက်၍ အဖြစ်နိုင်ဆုံးမှာ ဂျက် ၀ီလ်ရှီးယားဖြစ်ပြီး သူသည် လွန်ခဲ့သော ရာသီက ဘုန်းမောက်သို့ အငှားချခံရကာ ခြေထောက်ဒဏ်ရာရခဲ့သူ ဖြစ်သည်။

လွန်ခဲ့သော နှစ်များကလည်း ဒဏ်ရာကိစ္စများနှင့် ရင်ဆိုင်ခဲ့ရသည့် ဝီလ်ရှီးယားမှာ စီးရီးအေကလပ်ဆမ်ဒိုးရီးယား၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်ပြီး ဝင်းဂါးက ဝီလ်ရှီးယာဟာ လာမယ့်ရာသီမှာ ကျနော်တို့ရဲ့ ဆက်ရှိနေဦးမယ် ထင်ပါတယ်ဟု မှတ်ချက်ပေးခံရသူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here