Gossips

ထွက်ခွင့်ရသော ရှနိုက်ဒါ

Jul 15 , 2017

ဝက်စ်လေ ရှနိုက်ဒါမှာ ဂါလာတာစာရေးအသင်းမှ ထွက်ခွာခွင့်ရရှိထားပြီဖြစ်ပြီး စာချုပ်ကိုလည်း နှစ်ဘက်သဘောတူညီမှုဖြင့် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ရှနိုက်ဒါ၏ အေးဂျင့်ဖြစ်သူ အယ်လ်ဘာစ်က ရီးရဲလ်နှင့် အင်တာကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ရှနိုက်ဒါမှာ စီးရီးအေသို့ ပြန်ရန် ဆန္ဒရှိနေပြီး ဆမ်ဒိုးရီးယားမှာ ဖြစ်နိုင်ခြေ အသင်းတစ်သင်း ဖြစ်သည်ဟု လွန်ခဲ့သောလက ပြောဆိုခဲ့ဖူးသည်။

၃၃ နှစ်သား ရှနိုက်ဒါကို အမေရိကန်မေဂျာလိဂ် အသင်းတစ်သင်းဖြစ်သော လော့စ်အိန်ဂျလိစ်ဒ်ကလည်း ခေါ်ယူလိုသည်ဟု ဆိုသည်။

ဂါလာတာစာရေးအသင်းက ထုတ်ပြန်ချက်တစ်ခုတွင် ရှနိုက်ဒါနေနှင့် လာမည့် ၃နှစ်အတွင်း တူရကီကလပ် တစ်ခုခုတွင် ကစားရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါက လျော်ကြေးယူရိုသန်း ၂၀ ပေးရမည်ဟု ဖော်ပြခဲ့သည်။

၂၀၁၃ တွင် ဂါလာတာစာရေးသို့ ရောက်လာသော ရှနိုက်ဒါမှာ လွန်ခဲ့သောရာသီအထိ အမှတ်ပေးချန်ပီယံ ၂ကြိမ်၊ တူရကီလိဂ်ဖလား ၃ကြိမ်၊ တူရကီစူပါဖလား ၃ကြိမ် ရရှိခဲ့သူ ဖြစ်သည်။

ဟော်လန်လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားပေးထားသည့် ရှနိုက်ဒါမှာ ဂိုးသမား ဗန်ဒါဆားကို ကျော်ဖြတ်၍ စုစုပေါင်း ၁၃၁ ပွဲ ကစားပေးထားပြီး ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here