EPL News

မန်ယူမှာဆက်ရှိနိုင်တဲ့ မိုဗစ်

Jul 15 , 2017

ဆွီဒင်တိုက်စစ်မှုး မိုဗစ်အနေနှင့် ၂၀၁၇-၁၈ ရာသီတွင် မန်ယူ၌ ဆက်ရှိနေနိုင်ကြောင်း နည်းပြ မော်ရင်ဟိုက ပြောဆိုခဲ့သည်။

အသက် ၃၅ နှစ်အရွယ် မိုဗစ်မှာ လက်ရှိအချိန်တွင် ဒူးဒဏ်ရာခွဲစိတ်ခံထားရာမှ ပြန်လည်သက်သာလာရေးအတွက် မန်ယူလေ့ကျင့်ရေးကွင်းတွင် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။

မော်ရင်ဟိုက ဆက်နေဖြစ်မှာလားလို့ ဆုံးဖြတ်ဖို့ရာ ဒီဇင်ဘာအထိ စောင့်ရမှာပါ။ အခုအချိန်မှာ သူ မကစားနိုင်သေးပါဘူး။ ကျနော်တို့ ဘာလို့မစောင့်နိုင်ရမလဲ။ အရင်အစီအစဉ်တွေလည်း ပြောင်းချင်ရင် ပြောင်းသွားနိုင်တာပဲလေဟု ပြောဆိုခဲ့သည်။

မိုဗစ်မှာ မန်ယူနှင့် ၁နှစ်သာ စာချုပ်ချုပ်ထားသဖြင့် ယင်းစာချုပ်မှာ လွန်ခဲ့သည့် ဘောလုံးရာသီနှင့်အတူ ကုန်ဆုံးသွားပြီဖြစ်ပြီး နောက်ထပ် မည်သည့်သဘောတူညီမှုမှ မပြုလုပ်ရသေးပေ။

ထို့အပြင် မော်ရင်ဟိုက မန်ယူအနေနှင့် ရာသီသစ်မစမီ ကစားသမားသစ် တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့် ထပ်မံခေါ်လိုသေးသည်ဟု ဆိုခဲ့သည်။

လောလောဆယ်အချိန်တွင် မန်ယူမှာ ပြောင်းရွှေ့ကြေး ပေါင် ၁၀၆ သန်း အသုံးပြုကာ လင်ဒေါ့ဖ်နှင့် လူကာကူတို့ကို ခေါ်ယူထားခဲ့ပြီး ချဲလ်ဆီးကွင်းလယ်ကစားသမား မာတစ်၊ အင်တာမှ ပီရီဆစ်၊ စပါးမှ ဒိုင်ယာတို့နှင့် ချိတ်ဆက်လျက် ရှိနေသည်။

U Myo Thant




<< Back EPL News


Advertisement
Here