MNL News

စီးတီးရန်ကုန်အသင်း ရှုံးပွဲမရှိဗိုလ်စွဲ

Jul 17 , 2017

၂၀၁၇ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၂၀)  ဒုတိယနေ့အဖြစ် စီးတီးရန်ကုန်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယမန်နေ့ ညနေ ၃နာရီတွင် ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း ၌ယှဉ်ပြိုင်ကစားကြရာ နှစ်ဂိုးစီသရေကျခဲ့သည်။

စီးတီးရန်ကုန်အသင်းသည် ပွဲစဉ်(၁၈) ပြီးကတည်းက ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်ကာ နောက်ဆုံးပွဲယှဉ်ပြိုင်အပြီးတွင်  ရှုံးပွဲမရှိ စံချိန်ကိုပါ ရယူနိုင်ခဲ့သည်။ မဟာယူနိုက်တက်အသင်းမှာ ပွဲစဉ် (၁၉)အပြီးတွင် ဒုတိယနေရာရရှိခဲ့သည်။ မဟာယူနိုက်တက် အသင်းမှာ ပွဲစဉ် (၁၉)အပြီးတွင် ၆၆ မိနစ်တွင် ဂျိုးဇက်တို့ကလည်းကောင်း၊ မဟာယူနိုက်တက် အသင်းအတွက် ၆၃ မိနစ်တွင် ကယ်လ်ဗင်၊ ၈၁ မိနစ်တွင် ကျော်စွာမင်းတို့ကလည်းကောင်း သွင်းယူခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲအပြီးတွင် နှစ်သင်းစလုံး MNL သို့ တန်းတက်ခွင့်ရခဲ့ပြီး စီးတီးရန်ကုန်အသင်းက ၅၁ မှတ်ဖြင့် ပထမ၊ မဟာယူနိုက်တက်အသင်းက ၄၃ မှတ်ဖြင့် ဒုတိယ၊ မြဝတီအသင်းက ၃၈ မှတ်ဖြင့် တတိယရရှိကြသည်။

နောက်ဆုံးပွဲယှဉ်ပြိုင်အပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ တတိယဆုရ မြဝတီအသင်းအားဆုတံဆိပ်နှင့် ငွေကျပ် သိန်း ၁၀၀၊ ဒုတိယဆုရ မဟာယူနိုက်တက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ်သိန်း ၁၅၀၊ ပထမဆုရ စီးတီးရန်ကုန်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေကျပ်သိန်း ၃၀၀ တို့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here