MNL News

မြန်မာနှင့် မလေးရှားအကြောင်းပြောတဲ့ ဂတ်ဆီဇီ

Jul 17 , 2017

ဇူလိုင် ၁၉ ရက်တွင် စတင်ယှဉ်ပြိုင်ကစားမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာ ယူ-၂၂ အသင်းအနေဖြင့် ပြီးခဲ့သည့် မလေးရှားနှင့် ခြေစမ်းပွဲမှ မတူညီသည့် ကစားသမားစာရင်းနှင့် ကစားကွက်များကို တွေ့မြင်ရမည်ဟု နည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဇူလိုင် ၁၃ ရက်က မလေးရှား ယူ-၂၂ အသင်းနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ ၂ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲစဉ်တွင် မြန်မာ ယူ-၂၂ အသင်းသည် မျက်နှာသစ် လူငယ်ကစားသမားများဖြစ်သည့် ရွှေကို၊ ရန်ပိုင်စိုးနှင့် အောင်ကောင်းမာန် စသော အရန်ကစားသမားများကို ပွဲထုတ်ပြီး အောင်သူ၊ မောင်မောင်လွင်နှင့် သန်းပိုင်တို့ကို လူစားလဲအဖြစ်သာ အသုံးပြုခဲ့ကြသည်။

ထို့ကြောင့် လာမည့် အာရှခြေစစ်ပွဲတွ် မြန်မာအသင်းအနေဖြင့် မလေးရှားခြေစမ်းပွဲမှ မတူညီသည့် ကစားသမားစာရင်းနှင့် ကစားကွက်များကို တွေ့မြင်ရမည် ဖြစ်သည်။ "မလေးရှားနဲ့ ခြေစမ်းပွဲမှာအသုံးပြုခဲ့တဲ့ လူငယ်တွေက အာရှခြေစစ်ပွဲအတွက် အဆင်ပြေမလား စောင့်ကြည့်ရမှာပါ။ မလေးရှားကို ခြေစမ်းပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဒီရလဒ်က အသင်းအတွက် မထိခိုက်ပါဘူး။ ကျွန်တော့်အနေနဲ့ ခြေစစ်ပွဲမှာ မတူညီတဲ့ ကစားသမားစာရင်းနဲ့ ကစားကွက်တွေ တွေ့မြင်ရမယ်လို့ ပြောချင်ပါတယ်" ဟု ဂတ်ဆီဇီက ပြောသည်။

မြန်မာ ယူ-၂၂ အသင်းသည် မလေးရှားနှင့် ခြေစမ်းပွဲအပြီးတွင် ဇူလိုင် ၁၄ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ယင်းနေ့ ညနေပိုင်းမှာပင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here