MNL News

စီးတီးရန်ကုန်နှင့် မဟာပွဲစဉ်ကို ဝင်ကြေးအခမဲ့

Jul 17 , 2017

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင် ၁၆ ရက်တွင် ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားမည့် ချန်ပီယံစီးတီးရန်ကုန်အသင်းနှင့် ဒုတိယ မဟာယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ဝင်ကြေးအခမဲ့ သတ်မှတ် ထားကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ် ကျင်းပရေးဌာနသည် အောင်ဆန်းကွင်း၌ ဆုပေးပွဲအခမ်းအနားနှင့် အတူ ကျင်းပမည့် စီးတီးရန်ကုန် အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ပွဲစဉ်ကို ပရိသတ်အများအပြား လာရောက်ကြည့်ရှုနိုင်ရန် ဝင်ကြေးအခမဲ့ သတ်မှတ် ထားခြင်း ဖြစ်သည်။

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ပြိုင်ပွဲသည် ပြိုင်ပွဲမပြီးဆုံးသေးမီမှာပင် ချန်ပီယံအသင်းနှင့် တန်းတက်နိုင်သည့်အသင်းများ ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။ ချန်ပီယံဆုကို စီးတီးရန်ကုန်အသင်းက ရရှိခဲ့ပြီး တန်းတက်နိုင်သကဲ့သို့ မဟာယူနိုက်တက် အသင်းမှာလည်း ဒုတိယနေရာဖြင့် ပြိုင်ပွဲမပြီးဆုံးမီ တန်းတက်နိုင်ခဲ့သည်။

ထို့ကြောင့် လိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့် စီးတီးရန်ကုန်နှင့် မဟာယူနိုက်တက်အသင်းတို့၏ ပွဲစဉ်သည် ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်-၁ သို့ တန်းတက်နိုင်သည့် အသင်းများဖြစ်သောကြောင့် ယင်းနှစ်သင်းတွေ့ဆုံမှုသည် ရလဒ်ပိုင်းအရေးမ ကြီးသော်လည်း ဂုဏ်သိက္ခာပိုင်း ပြိုင်ဆိုင်ရမည့်ဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်မည့်ပွဲဖြစ်လာနိုင်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here