MNL News

ယူ-၂၁တွင် ဧရာဝတီအသင်းချန်ပီယံဖြစ်ရန် နီးစပ်

Jul 17 , 2017

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် အသက် ၂၁ နှစ်အောက် ပြိုင်ပွဲ ပွဲစဉ် (၂၁) ကို ဇူလိုင် ၁၄ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဇယားထိပ်မှ ဧရာဝတီယူနိုက်တက် ယူ-၂၁ အသင်းက ရခိုင်ယူနိုက်တက် ယူ-၂၁ အသင်းကို အနိုင်ရရှိကာ နိုင်ပွဲဆက်ခဲ့ရပြီး ချန်ပီယံဆုအတွက် နီးစပ်လာပြီ ဖြစ်သည်။

ပဒုမ္ပာကွင်း၌ ယှဉ်ပြိုင်ကစားသော ဧရာဝတီယူနိုက်တက် ယူ-၂၁ အသင်းနှင့် ရခိုင်ယူနိုက်တက် ယူ-၂၁ အသင်းတို့ပွဲစဉ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ဧရာဝတီယူနိုက်တက် ယူ-၂၁ အသင်းက ၄ဂိုး-၃ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဧရာဝတီယူနိုက်တက် ယူ-၂၁ အသင်းမှာ အမှတ်ပေးဇယားကို ရှစ်မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့သည်။ အဆင့် (၂) နေရာ မှ ISPE (A)အသင်းနှင့် အဆင့် (၃) နေရာမှ ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းတို့ပွဲစဉ်တွင် သရေရလဒ်ဖြစ်ခဲ့သောကြောင့် ဧရာဝတီယူနိုက်တက်အသင်းမှာ အဆင့် (၂)နေရာမှ ISPE (A) အသင်းကို ရမှတ် လေးမှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။

ထို့ပြင် ဧရာဝတီယူနိုက်တက်အသင်းမှာ ၁၉ ပွဲသာကစားထားပြီး ရမှတ် ၄၃ မှတ်ရရှိထားကာ ISPE(A)အသင်းမှာ ပွဲ ၂၀ ရရှိထားသောကြောင့် ဧရာဝတီယူနိုက်တက်အသင်းမှာ ရမှတ်ရော ပွဲစဉ်ပါ အသာရရှိထားသောကြောင့် ချန်ပီယံဆုဆွတ်ခူးရန် နီးစပ်လာပြီ ဖြစ်သည်။

လက်ရှိ ချန်ပီယံရှမ်းယူနိုက်တက် ယူ-၂၁ အသင်းမှာ ၁၈ ပွဲကစားထားပြီး ရမှတ် ၃၄ မှတ်သာရရှိထားသောကြောင့် ချန်ပီယံဘွဲ့ကိုကာကွယ်ရန် ရုန်းကန်ရမည့်အခြေအနေတွင် ရှိနေသည်။

U Myo Thant




<< Back MNL News


Advertisement
Here