Europe News

ကွာတားအဆင့်ရောက် ရွှေဖလားပွဲ

Jul 17 , 2017

အမေရိကန်တွင် ကျင်းပနေသော ကွန်ကာကက်ဖ်ရွှေဖလား ဘောလုံးပွဲစဉ်များမှာ အုပ်စုပွဲစဉ်များ ပြီးဆုံး၍ ကွာတားဖိုင်နယ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

အုပ်စုပွဲစဉ်များကို ၃ပွဲစီ ကစားပြီးရာ၌ အုပ်စု A တွင် ကော်စကာရီကာက ပထမ၊ ကနေဒါက ဒုတိယ၊ ဟွန်ဒူးရပ်စ်ကက တတိယ၊ အုပ်စု B တွင် အမေရိကန်က ပထမ၊ ပနားမားက ဒုတိယ၊ မာတီနစ်က တတိယ၊ အုပ်စု C တွင် မက္ကဆီကိုက ပထမ၊ ဂျမေကာက ဒုတိယ၊ အဲလ်ဆာဗေဒိုးက တတိယရခဲ့ကြသည်။

အုပ်စုပထမနှင့် ဒုတိယအသင်းများမှာ ကွတားဖိုင်နယ်သို့ ရောက်ခဲ့ကြပြီး တတိယရခဲ့သော ဟွန်ဒူးရပ်စ်၊ အဲလ်ဆာဗေဒိုတို့မှာ ကွာတားတက်ခွင့်ရခဲ့သည်။

ကွာတားပွဲစဉ်များကို ၂၀ နှင့် ၂၁ ရက်များတွင် ကျင်းပမည်ဖြစ်ပြီး ကော်စတာရီကနှင့် ပနားမား၊ အမေရိကန်နှင့် အဲလ်ဆာဗေဒို၊ ဂျမေကာနှင့် ကနေဒါ၊ မက္ကဆီကိုနှင့် ဟွန်ဒူးရပ်စ်တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here