Europe News

ဗိုလ်စွဲခဲ့သော အင်္ဂလန် ယူ-၁၉

Jul 17 , 2017

ဂျော်ဂျီယာနိုင်ငံတွင် ကျင်းပခဲ့သော ဥရောပ ယူ-၁၉ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အသင်း ၈သင်း ပါဝင်သော ထိုပြိုင်ပွဲတွင် အင်္ဂလန် ယူ-၁၉ မှာ ဟော်လန်၊ ဂျာမနီ၊ ဘူလ်ဂေးရီးယားတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ၃ပွဲကစား ၃ပွဲနိုင်ဖြင့်  အုပ်စှုဗိုလ်ဖြစ်ခဲ့သည်။

ဆီမီးအဆင့် ပွဲစဉ်တွင် အင်္ဂလန်က ချက်ကို ၁-၀ဖြင့် အနိုင်ရခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲတွင် အုပ်စုဗိုလ်ဖြစ်ခဲ့သော ပေါ်တူဂီနှင့် တွေ့ဆုံခဲ့သည်။

ဂိုရီမြို့တွင် ကျင်းပသည့် နောက်ဆုံးဗိုလ်လုပွဲတွင် အင်္ဂလန်က ဆူလီမန်က ဦးဆောင်ဂိုးသွင်းခဲ့သော်လည်း ၅၆ မိနစ်တွင် အင်္ဂလန်မှ စတာလင် ကိုယ့်ဂိုးကိုယ့်သွင်းမိ၍ သရေကျနေခဲ့ပြီး ယင်းနောက်တွင် မီချာက အင်္ဂလန်အတွက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ သည်။

ပွဲချိန် ၈၆ မိနစ်တွင် အင်္ဂလန်မှ အီဒန် ၂ဝါ၁နီဖြင့် ထွက်ခဲ့ရသော်လည်း အနိုင်ရလဒ်ကို ထိန်းထားနိုင်၍ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ အောင်ပွဲများနှင့် ထွက်ခဲ့ရသော်လည်း ဖီဖာ ယူ-၂၀ ပွဲတွင် အင်္ဂလန် ယူ-၂၀ ဗိုလ်စွဲခဲ့သကဲ့သို့ ဥရောပ ယူ-၁၉ ပွဲတွင် အင်္ဂလန် ယူ-၁၉ က ထပ်မံဗိုလ်စွဲပြနိုင်ခဲ့ခြင်း ဖြစ်သည်။

နည်းပြ ကိတ် ဒေါင်းနင်း၏ အင်္ဂလန် ယူ-၁၉အသင်းမှာ လန်ဒန်ဟိသရိုးလေဆိပ်သို့ အရောက်တွင် ပရိသတ်များက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

U Myo Thant




<< Back Europe News


Advertisement
Here