EPL News

ဆီဗီးလားရောက် နိုလီတို

Jul 17 , 2017

ဆီဗီးလားအသင်းသည် မန်စီးတီးမှ စပိန်သား တိုက်စစ်မှုး နိုလီတိုကို ပြောင်းရွှေ့ကြေး ပေါင် ၇.၉သန်းဖြင့် ၃နှစ် စာချုပ်ချုပ် ဆိုခေါ်ယူခဲ့ကြောင်း သိရသည်။

အသက် ၃၀ အရွယ်ရှိ နိုလီတိုမှာ လွန်ခဲ့သောနွေက ဆဲလ်တာဗီရိုမှ မန်စီးတီးသို့ ရောက်လာသူဖြစ်ပြီး ပေါင် ၁၃.၈သန်း ပေးခဲ့ရသော နိုလီတိုမှာ မန်စီးတီးအတွက် ပွဲ ၃၀ ကစား ၆ဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။

နိုလီတိုမှာ သူ ပထမဆုံးကစားရသည့် ၃ပွဲတွင် ၃ပွဲလုံး ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ၂၀၁၇ အတွင်းတွင် ပရီးမီးယားပွဲများ ကစားခွင့်မရခဲ့ပဲ ဂိုးလည်းသွင်းနိုင်ခဲ့ခြင်း မရှိပေ။

နိုလီတိုနှင့် ပတ်သက်၍ လွန်ခဲ့သော မေလက စပိန်ကလပ် ဘက်တစ်နှင့် ဆွေးနွေးခဲ့ကြသေးပြီး ဘက်တစ်က ပေါင် ၃.၄သန်းသာပေးသဖြင့် ဆွေးနွေးပွဲပျက်ခဲ့ရသည်။

U Myo Thant




<< Back EPL News


Advertisement
Here