EPL News

သက်တမ်းတိုးတဲ့မန်ယူဂိုးသမား

Jul 17 , 2017

မန်ယူအသင်းသည် ဂိုးသမား ရိုမီယိုကို ၄နှစ်စာချုပ်သစ်ချုပ်ဆိုကာ ဆက်ထိန်းထားတော့မည် ဖြစ်သည်။

နည်းပြ မော်ရင်ဟိုက အသက် ၃၀ အရွယ် ဂိုးသမားကို သက်တမ်းတိုးပေးရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ယခင်စာချုပ်မှာ သက်တမ်း ၁နှစ်သာ ကျန်တော့ကြောင်း ပြောဆိုခဲ့သည်။

ရိုမီယိုမှာ ၂၀၁၅ တွင် အလွတ်ပြောင်းရွှေ့ခွင့်ဖြင့် မန်ယူသို့ ရောက်လာရသော်လည်း ဂိုးသမား ဒီဂီရာရှိနေသဖြင့် အရန်ဂိုးသမားဘဝနှင့်သာ နှစ်သိမ့်နေခဲ့ရသည်။

သို့သော် လွန်ခဲ့သောရာသီတွင် ရိုမီယိုမှာ ပွဲဦးထွက် ဂိုးသမားအဖြစ် ၁၂ ပွဲကစားခဲ့ရပြီး အရေးပါသော ယူရိုပါလိဂ် ဖိုင်နယ်ပွဲအပါအဝင် စုစုပေါင်း ၁၈ ပွဲပါဝင် ကစားခွင့်ရခဲ့သည်။

အာဂျင်တီးနားသား ဂိုးသမားဖြစ်သူကို နည်းပြ မော်ရင်ဟိုက ဂိုးသမားကောင်းတစ်ဦးအဖြစ် ချီးကျူးခဲ့ပြီး ယူရိုပါလိဂ်ပွဲများတွင် အောင်ပွဲဆင်နိုင်ခဲ့ခြင်းတွင် ရိုမီယို၏ အစွမ်းအစသည်လည်း များစွာပါဝင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် မန်ယူမှ နံပါတ်တစ်ဂိုးသမား ဒီဂီရာမှာ ရီးရဲလ်သို့ ပြောင်းရွှေ့ဖြစ်မည်ဟု သတင်းထွက်နေသောကြောင့် ဒီဂီရာသာစပိန်မြေပြန်ဖြစ်ခဲ့ပါက ရိုမီယိုမှာ နံပါတ်တစ် ဂိုးသမားဖြစ်လာနိုင်ပြီး ပေါ်တူဂီ ယူ-၂၁ ဂိုးသမား ပီရီယားက အရန်ဂိုးသမားဖြစ်လာနိုင်မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here