Serie-A News

ဒါရိုက်တာဖြစ်လာမည့် တော့တီ

Jul 18 , 2017

ရိုးမားအသင်းတွင် ၂၄ နှစ်ကြာ ကစားခဲ့သော တိုက်စစ်မှုးကြီး တော့တီမှာ ၂၀၁၆-၁၇ ရာသီအကုန်တွင် ကစားသမားဘဝကို စွန့်လွှတ်ခဲ့ပြီးနောက် ယခုအခါ ရိုးမားအသင်းတွင် ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ယူတော့မည် ဖြစ်သည်။

အသက် ၄၀ နှစ်အရွယ် တော့တီမှာ ရိုးမားတစ်သင်းတည်းတွင်သာ ကစားခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သော မေလက အသင်းအတွက် သူ၏ နောက်ဆုံးပွဲစဉ်ကို ကစားပေးခဲ့သည်။

တော့တီက ကျောင်းစားအရွယ်ဘဝမှာပင် ရောက်ခဲ့သော ရိုးမားအတွက် ကစားသမားတစ်ဦးအဖြစ် ရှိခဲ့ခြင်းသည် ဘဝ၏ တစ်နေရာတင် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း အသင်းအတွက် အခြားတစ်နေရာမှနေ၍ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တော့တီမှာ အသက် ၁၆ နှစ်အရွယ် ၁၉၉၃ တွင် ရိုးမားအတွက် စတင်ကစားခဲ့ပြီး ၂၀၁၁ တွင်  စီးရီးအေ ချန်ပီယံဆု ရရှိခဲ့သည်။ တိုက်စစ်မှုး တော့တီမှာ ရိုးမားအတွက် ၇၈၉ ပွဲမြောက် ပွဲစဉ်လည်းဖြစ်သူ့အတွက် ကစားသမားဘဝ နောက်ဆုံးပွဲစဉ်လည်း ဖြစ်သည့် ဂျီနိုအာကို ၃-၂ဖြင့် နိုင်သောပွဲတွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့သည်။

သူသည် ရိုးမားအသင်း၏ ဂိုးအများဆုံး သွင်းပေးခဲ့သူအဖြစ် ပြိုင်ပွဲစအားလုံးအတွက် စုစုပေါင်း ၃၀၇ ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here