Gossips

အနားယူသွားတဲ့ ရော်ဘင်ဆင်

Jul 18 , 2017

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်းတစ်ဦးဖြစ်သူ ပေါလ် ရော်ဘင်ဆင်မှာ ကစားသမားဘဝမှ အနားယူလိုက်ပြီ ဖြစ်သည်။

အင်္ဂလန်အတွက် ၄၁ ပွဲပါဝင်ကစားပေးခဲ့သော ရော်ဘင်ဆင်မှာ ၂၀၁၆ ကမ္ဘာ့ဖလားပွဲတွင် အင်္ဂလန်၏ နံပါတ်တစ် ဂိုးသမားဖြစ်ခဲ့ပြီး သူ နောက်ဆုံးကစားခဲ့သည့် ကလပ်မှာ ဘန်လေဖြစ်ကာ ၂၀၁၆ ဇန်နဝါရီမှစ၍ ကစားခဲ့ခြင်း ဖြစ်သည်။

ဘန်လေအတွက် ပရီးမီးယားပွဲ ၃ပွဲတွင် ပွဲဦးထွက် ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ကျောဒဏ်ရာကြောင့် ကစားသမားဘဝမှ နားရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်။

၃၇ နှစ်သား ရော်ဘင်ဆင်မှာ ကစားသမားဘဝကို လိဒ်စ်ယူနိုက်တက်အသင်းနှင့် စတင်ခဲ့ပြီး စပါး၊ဘလက်ဘန်းတို့တွင်လည်း ကစားခဲ့ဘူးသူ ဖြစ်သည်။

ဘန်လေအသင်းက ရော်ဘင်ဆင်ကို ဆက်ခေါ်ထားလိုသော်လည်း နောက်ကျော ဒဏ်ရာစိတ်မချရမှုကြောင့် အနားယူရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ ကုန်လွန်သွားခဲ့ပြီဖြစ်သော ကစားသမားဘဝကို မိမိသတိရနေမည်မှာ သေချာလှကြောင်း၊ မိမိကို အားပေးခဲ့သော ပရိသတ်များကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Gossips


Advertisement
Here