Ligue-1 News

PSG ရောက်မည့် နေမာ

Jul 20 , 2017

ဘာစီလိုနာမှ နေမာမှာ ပြင်သစ်ကလပ် PSG သို့ ကမ္ဘာ့စံတော်ချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၉၆ သန်းဖြင့် ရောက်တော့မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ကစားသမားများကို စိတ်ကြိုက်ခေါ်ယူနေသော PSG မှာ ဘာစီလိုနာမှ နေမာနှင့် စာချုပ်ပါ သတ်မှတ်ထားသည့် နှုန်းထားဖြစ်သော ပေါင် ၁၉၆ ကို ပေးမည်ဟု ဆိုသည်။

ဘရာဇီးသား နေမာမှာ ဘာစီလိုနာတွင် ကစားရသည်မှာ မက်ဆီ၏ လောင်းရိပ်အောက်တွင် ကစားနေရသကဲ့သို့  ဖြစ်လာသောကြောင့် စီရိုနယ်ဒိုတို့ကဲ့သို့ တစ်ဦးချင်းကိုယ်ပိုင်အစွမ်းဖြင့် နာမည်ရလာလိုသည့် ခံစားချက်ရှိနေသည်ဟု ဆိုသည်။

ဘာစီလိုနာအသင်းအနေနှင့်လည်း ဘောလုံးလောကမှ မဟုတ်သော ပြိုင်ကားမောင်းသမား ဟာမီလ်တန်၊ အဆိုတော် ဂျတ်စတင်းဘီဘာတို့နှင့် တွဲကာ ပါတီပွဲ နွဲ့လေ့ရှိသူ နေမာအပေါ် ဒေါသထွက်နေပြီး၊ ထိုသို့သော အပျော်ကျူးဘဝမျိုးကြောင့် ကစားသမားဘဝမှေးမှိန်ပျောက်ကွယ်သွားရသူ ရော်နယ်ဒင်ဟိုကဲ့သို့ နေမာဖြစ်လာသမည်ကိုပါ အသင်းက စိုးရိမ်နေခဲ့သည်။

၂၀၁၃ တွင် ဘာစီလိုနာသို့ ပြောင်းရွှေ့ကြေး ပေါင် ၄၈.၆ သန်းဖြင့် ရောက်လာသူနေမာမှာ အသက် ၂၅ နှစ်သာ ရှိသေးပြီး ဘာစီလိုနာအတွက် ၁၈၆ ပွဲ ကစား ၁၀၅ ဂိုး သွင်းယူပေးထားသူ ဖြစ်သည်။

U Myo Thant




<< Back Ligue-1 News


Advertisement
Here