Europe News

ဆီမီးရောက် အမေရိကန်

Jul 20 , 2017

အမေရိကန်တွင် ကျင်းပနေသော ၂၀၁၇ ကွန်ကာကက်ဖ် ရွှေဖလားပြိုင်ပွဲတွင် အိမ်ရှင်အမေရိကန်မှာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။

ပထမကွာတားဖိုင်နယ်ပွဲစဉ်ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ၌ အမေရိကန်က အယ်လ်ဆာဗေဒိုကို ၂-၀၊ ကော့စတာရီကာက ပနားမားကို ၁-၀ တို့ဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ကော့စတာရီကာနှင့် ပနားမားပွဲစဉ်တွင် ပနားမားမှ ဂိုဒိုင်းက ပွဲကစားချိန် ၇၇ မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ခြင်းကြောင့် ကော်စတာရီကာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် အယ်လ်ဆာဗေဒိုတို့ပွဲစဉ်တွင် အမေရိကန်က ဂွန်ဇာလက်၊ လီချာတို့၏ ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မနက်ဖြန်တွင် ဂျာမေကာနှင့် ကနေဒါ၊ မက္ကဆီကိုနှင့် ဟွန်ဒူးရပ်စ်တို့ ကွာတားဖိုင်နယ်ပွဲများ ကစားကြမည်ဖြစ်ပြီး အနိုင်ရသည့် ၂သင်းမှာ ဆီမီးတွင် တွေ့ဆုံရမည် ဖြစ်သည်။

ထို ဆီမီးမှ အနိုင်ရသည့် အသင်းနှင့် အမေရိကန်ကော်စတာရီကာပွဲမှ အနိုင်ရသည့် အသင်းတို့မှာ ဇူလိုင် ၂၇ ရက်နေ့တွင် နောက်ဆုံး ဗိုလ်လုပွဲ ကစားကြရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here