လာမည့် ၂၀၁၉ မှစ၍ အာဖရိကနိုင်ငံများဖလားပွဲကို ဇန်နဝါရီလတွင် ကျင်းပနေရာမှ ဇွန်၊ ဇူလိုင်လများသို့ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ပြီး ပါဝင်မည့်အသင်းများကိုလည်း နောက်ထပ် ၈သင်းထပ်မံပါဝင်ခွင့်ရစေမည်ဟု သိရသည်။
အာဖရိကဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီက ယမန်နေ့တွင် ကျင်းပသောဆွေးနွေးပွဲ၌ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ အပြောင်းအလဲလုပ်ခြင်းမှာ ၁၉၉၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။
ယခုကဲ့သို့ ဇွန်၊ ဇူလိုင်လများတွင် ကျင်းပမည်ဖြစ်သဖြင့် အာဖရိက ကစားသမားအများစုရှိနေသော ပရီးမီးယားလိဂ်မှ အသင်းများအခက်တွေ့လာနိုင်မည် ဖြစ်သည်။
ကင်မရွန်းတွင် ကျင်းပသော အာဖရိကဘောလုံးအဖွဲ့ချုပ် အမှုဆောင်များ ဆွေးနွေးပွဲတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကိုလည်း လက်ရှိ ၁၆ သင်းမှ ၂၄ သင်းအထိ တိုးမြှင့်မည် ဖြစ်သည်။
အာဖရိကနိုင်ငံများဖလားပွဲကု အဓိကအားဖြင့် အာဖရိကတိုက်မှ နိုင်ငံများတွင် ၂နှစ်၁ကြိမ်ကျင်းပမည်ဖြစ်ပြီး အခါအားလျော်စွာ တရုတ်၊ ကာတာတို့တွင်လည်း ကျင်းပမည်ဟု ဆိုသည်။
ယခု ၂၀၁၇ အာဖရိကနိုင်ငံများ ဖလားပွဲကို ဂါဘွန်တွင် ကျင်းပခဲ့ရာ ကင်မရွန်းက ဗိုလ်စွဲခဲ့ပြီး ယင်းပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကလပ် ၁၂ သင်းမှ ကစားသမား ၂၁ ဦး ပါဝင်ခဲ့ကြသည်။
U Myo Thant