Gossips

အနားယူသွားသည့် မီချူး

Jul 26 , 2017

အိုဗီဒိုအသင်းတိုက်စစ်မှုး မီချူးမှာ ညာဘက်ခြေကျင်းဝတ် ဒဏ်ရာဒုက္ခပေးနေမှုကြောင့် နောက်ဆုံးတွင် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် စပိန်သားတိုက်စစ်မှုး မီချူးမှာ ယင်းဒဏ်ရာကို လွန်ခဲ့သော ၅ နှစ်ခန့်က ရရှိခဲ့ခြင်းဖြစ်ပြီး လုံးဝအရှင်းမပျောက်ကင်းသွားခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်။

လွန်ခဲ့သောရာသီတွင် အိုဗီဒိုအသင်းအတွက် လိဂ်ပွဲ ၂၇ ပွဲ ကစားပေးခဲ့သော မီချူးက ယခုကဲ့သို့ အနားယူရခြင်းအတွက် ဝမ်းနည်းရပါကြောင်း၊ သို့သော်လည်း ဆေးဘက်ဆိုင်ရာများ၏ အကြံပေးမှုကို လက်ခံရမည်သာဖြစ်ကြောင်း၊ ၁၄ နှစ်ကြာခဲ့သော ကစားသမားဘဝကို သတိရနေမည်ဖြစ်ကြောင်း၊ မိမိကို အားပေးခဲ့သော ပရသတ်များကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောဆိုသွားခဲ့သည်။

မီချူးမှာ ၂၀၀၃ တွင် အိုဗီဒိုအသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝစတင်ခဲ့ပြီး ပွဲပေါင်း ၁၀၀ ကစားခဲ့ပြီးနောက် ဆဲလ်တာဗီရိုသို့ ပြောင်းရွှေ့ခဲ့သည်။ ယင်းနောက်ဗယ်လီကာနိုသို့ ရောက်ခဲ့ကာ ထိုမှတစ်ဆင့် ပရီးမီးယားကလပ် ဆွမ်ဆီးသို့ ပြောင်းရွှေ့ခဲ့သည်။ ဆွမ်ဆီးတွင် ၃နှစ်ကြာပြီးနောက် နာပိုလီ၊ လန်ဂရီယိုအသင်းများတွင် အငှားကစားသမားအဖြစ် ကစားခဲ့ကာ ၂၀၁၆ တွင် အသင်းဟောင်း အိုဗီဒိုသို့ ပြန်ရောက်လာသူ ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here