Europe News

ကွာတားရောက် ဆွီဒင်နှင့် ဂျာမနီ

Jul 26 , 2017

ယူရို ၂၀၁၇ ဥရောပအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဆွီဒင်နှင့် ဂျာမနီတို့ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားကြပြီ ဖြစ်သည်။

ဆွီဒင်အသင်းမှာ အီတလီကို ၂-၃ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ၁မှတ်အသာဖြင့် ကွာတားသို့ ရောက်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီက ရုရှကို ၂-၀ ဖြင့် အနိုင်ရခဲ့သည်။

အုပ်စု Aနှင့် B တို့ ပွဲစဉ်များ ပြီးဆုံးသွားရာ အုပ်စု A မှ ဟော်လန်က ၉ မှတ်၊ ဒိန်းမတ်က ၆ မှတ်၊ အုပ်စု B တွင် ဂျာမနီက ၇မှတ်၊ ဆွီဒင်က ၄ မှတ် ရရှိထားကာ ကွာတားသို့ တက်သွားခြင်း ဖြစ်သည်။

ယနေ့ညတွင် အုပ်စုပွဲစဉ်များအဖြစ် ဆွစ်ဇာလန်နှင့် ပြင်သစ်၊ အိုက်စလန်နှင့် ဩစတြီးယားတို့ ကစားကြမည် ဖြစ်သည်။ ဩစတြီးယားနှင့် ပြင်သစ်မှာ ၂ပွဲကစား ၄မှတ်ရထားပြီး ဆွစ်ဇာလန်က ၃မှတ်၊ အိုက်စလန်က အမှတ်ရရှိခြင်း မရှိသေးပေ။ အုပ်စု D တွင် အင်္ဂလန်က ၆ မှတ်၊ စပိန်က ၃မှတ်၊ ပေါ်တူဂီ ၃မှတ်နှင့် စကော့တလန်က အမှတ်မရသေးပေ။

ကွာတားဖိုင်နယ်ပွဲများတွင် ဂျာမနီက ဒိန်းမတ်၊ ဆွီဒင်က ဟော်လန်နှင့် ကစားရမည်ဖြစ်ပြီး ဂျာမနီ အမျိုးသမီးအသင်းမှာ ဥရောပဖလားကို ၇ကြိမ် ဆက်တိုက်ရရှိရန် ရေပန်းစားလျက် ရှိနေသည်။

U Myo Thant




<< Back Europe News


Advertisement
Here