Europe News

ဗိုလ်စွဲခဲ့သော အမေရိကန်

Jul 27 , 2017

အိမ်ရှင်အဖြစ် အမေရိန်က လက်ခံကျင်းပခဲ့သော ၂၀၁၇ ကွန်ကာကက်ဖ်ရွှေဖလားပြိုင်ပွဲတွင် အမေရိကန်အသင်း ဗိုလ်စွဲခဲ့ပြီ ဖြစ်သည်။

အမေရိကန်အသင်းမှာ ကွာတားဖိုင်နယ်တွင် အယ်လ်ဆာဗေဒိုကို ၂-၀၊ ဆီမီးဖိုင်နယ်တွင် ကော့စတာရီကာကို ၂-၀တို့ဖြင့် နိုင်ကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်လာခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ဆုံး ဗိုလ်လုပွဲတွင် ဂျမေကာကို ၂-၁ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

ဂျမေကာမှာ ကွာတားဖိုင်နယ်တွင် ကနေဒါကို ၂-၁၊ ဆီမီးဖိုင်နယ်တွင် မက္ကဆီကိုကို ၁-၀တို့ဖြင့် နိုင်ခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လာသူ ဖြစ်သည်။

 နောက်ဆုံး ဗိုလ်လုပွဲတွင် အမေရိကန်မှ အယ်လ်တီဒေါက ပွဲချိန် ၄၅ မိနစ်တွင် ဦးဆောင်ဂိုးသွင်းပေးခဲ့သည်။ မိနစ် ၅၀ တွင် ဝတ်ဆန်က ဂျမေကာအတွက် ချေပဂိုး သွင်းပေးခဲ့သော်လည်း ၈၈ မိနစ်၌ မောရစ်က အမေရိကန်အတွက် အနိုင်ဂိုးကို သွင်း ယူနိုင်ခဲ့သည်။

ပရိသတ် ၆သောင်းကျော် လာရောက်ကြည့်ရှုခဲ့သော ထိုပွဲကို ကယ်လီဖိုးနီးယားရှိ ဆန်တာ ကလာရာကွင်းကြီးတွင် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here