Serie-A News

စီးရီးအေပွဲစဉ်ထွက်ပြီ

Jul 27 , 2017

၂၀၁၇-၁၈ ဘောလုံးရာသီ စီးရီးအေပွဲစဉ်များကို ထုတ်ပြန်လိုက်ပြီဖြစ်ရာ ချန်ပီယံဂျူဗင်တပ်မှာ ပွဲစဉ် ၁ တွင် အိမ်ကွင်း၌ ကက်ဂလီယာရီကို ဧည့်ခံကစားရမည် ဖြစ်သည်။

စီးရီးအေပွဲစဉ်များကို ဩဂုတ်လ ၂၀ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ၂၀၁၈ မေလ ၂၀ ရက်နေ့တွင် နောက်ဆုံးပွဲစဉ် ၃၈ ကို ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ကာ ယင်းပွဲစဉ်တွင် ဂျူဗင်တပ်မှာ အဝေးကွင်း၌ ဗီရိုနာနှင့် တွေ့ဆုံရမည် ဖြစ်သည်။

နည်းပြ အယ်လီဂရီ၏ ဂျူဗင်တပ်အသင်းမှာ လွန်ခဲ့သောရာသီက ထိပ်ဆုံး ၆သင်းကို ပွဲစဉ် ၇ နောက်ပိုင်းမှသာ ရင်ဆိုင်ခဲ့ရပြီး ယခု လာမည့်ရာသီတွင် ဖီအိုရင်တီးနားနှင့် ပွဲစဉ် ၅၊ လာဇီယိုနှင့် ပွဲစဉ် ၈၊ မီလန်နှင့် ပွဲစဉ် ၁၁ တို့တွင် တွေ့ဆုံရမည် ဖြစ်သည်။

ဂျူဗင်တပ်အနေနှင့် နာပိုလီ၊ အင်တာ၊ ရိုးမားအသင်းများနှင့် ပွဲစဉ် ၁၅ နောက်ပိုင်းမှသာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

စီးရီးအေချန်ပီယံ ဂျူဗင်တပ်နှင့် စီးရီးဘီ ချန်ပီယံ SPAL တို့မှာ ပွဲစဉ် ၁၀ တွင် ဂျူဗင်တပ်ကွင်း၊ ပွဲစဉ် ၂၉ တွင် SPAL ကွင်းတို့၌ တွေ့ဆုံကြရမည် ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here