Gossips

အကြွေးကင်းသော တရုတ်ကလပ်များ

Jul 27 , 2017

တရုတ်စူပါလိဂ်မှ ကလပ်အသင်း ၁၀ သင်းက ၎င်းတို့တွင် ကြွေးမြီကိစ္စရှင်းလင်းသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆို လိုက် သည်။

တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြွေးမြီရှိသော ကလပ်အသင်းများအနေနှင့် လာမည့်ရာသီတွင် ပွဲကစားခွင့်ပိတ်ပင်ခံရမည်ဟု သတိပေးချက်ထုတ်ပြန်ထားပြီး စူပါလိဂ်မှ ၁၆ သင်း၊ အောက်အဆင့်လိဂ်မှ ၅ သင်းတို့ကို စာဖြင့် အကြောင်းကြားထားခဲ့ခြင်း ဖြစ်သည်။

တရုတ်ဘောလုံးအဖွဲ့ချုပ်က ကလပ်အသင်းများအနေနှင့် ကစားသမားသစ်ခေါ်ယူမှု၊ လစာနှင့် ဆုကြေးပေးအပ်မှုတို့တွင် ငွေကြေးအဆမတန် သုံးစွဲခဲ့ကြသောကြောင့် အကြွေးသံသရာတွင်း ရောက်ရှိနေကြကြောင်း၊  ထိုသို့သော အဖြစ်မျိုးကို မိမိတို့ လက်မခံနိုင်ကြောင်း၊ ထို့ကြောင့် အကြွေးမရှင်းသေးသောကလပ်များကို ပွဲကစားခွင့်ပိတ်ပင်သည်အထိ အရေးယူရန် ဆုံးဖြတ် ရခြင်းဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

နာမည်ကြီး ကစားသမားများဖြစ်သော တီဗက်ဇ်နှင့် အော်စကာတို့ကို ခေါ်ယူခဲ့သည့် ရှန်ဟိုင်းရှင်ဟွာနှင့် ရှန်ဟိုင်း SIPG ကလပ်များက ၎င်းတို့တွင် ကြွေးမြီ ကင်းရှင်းပြီဟု ကြောညာခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ် AFC ကလည်း တရုတ်ဘောလုံးအဖွဲ့ချုပ်ထံ ကလပ်အသင်းများ ကြွေးမြီကင်းမကင်း ဩဂုတ် ၃၁ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန်နှင့် ကြွေးမြီရှိနေပါက အာရှချန်ပီယံလိဂ်ပွဲများတွင် ဝင်ကစားခွင့် ပိတ်ပင်မည်ဟု သတိပေးထားခဲ့သည်။

တရုတ်ဘောလုံးအဖွဲ့ချုပ်အနေနှင့် ကလပ်အသင်းများ၏ ငွေကြေး အလွန်အကျွံအသုံးပြုနေမှုကို ထိန်းချုပ်နိုင်ရန်အတွက် ကစားသမားအပြောင်းအရွှေ့စတင်ဖွင့်လှစ်ချိန်တွင် ကစားသမားသစ်ခေါ်ယူမှု အတွက် အခွန်ကို ၁၀၀% ပေးဆောင်ရမည်ဟု အမိန့်ထုတ်ထားပြီး ဖြစ်သည်။

 

U Myo Thant




<< Back Gossips


Advertisement
Here