Gossips

နုတ်ထွက်တဲ့တာရင်

Jul 27 , 2017

ရန်ပွဲတစ်ခုတွင် ပါဝင်ခဲ့သော တူရကီလက်ရွေးစင်အသင်းနည်းပြ တာရင်မှာ သူ၏ ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ် တာရင်မှာ တူရကီ အနောက်ဘက် ကမ်းခြေမြို့လေးတွင် အားလပ်ရက်ခရီးသွားနေခိုက် စားသောက် ဆိုင်ပိုင်ရှင်တစ်ဦးနှင့် ထိုးကြိတ်ရန်ဖြစ်နေပုံကို ရုပ်/သံဌာနတစ်ခုမှ ထုတ်လွှင့်ခဲ့ပြီးနောက် တူရကီဘောလုံးအဖွဲ့ချုပ်နှင့် ဆွေးနွေး ကာ လမ်းခွဲလိုက်ကြခြင်း ဖြစ်သည်။

တူရကီမီဒီယာတစ်ခု၏ ဖော်ပြချက်အရ ယင်းရန်ပွဲတွင် တာရင်နှင့် သူ၏ သားမက်တို့မှာ ဒဏ်ရာရသူ ၅ဦးထဲတွင် ပါဝင်သည်ဟု ဆိုသည်။

နှစ်ဘက်စလုံးအတွက်  အကောင်းဆုံးဖြစ်စေမည့် နည်းလမ်းအဖြစ် လမ်းခွဲကြရန် သဘောတူဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း တူရကီဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။

တာရင်မှာ တူရကီအသင်းကို ၂၀၁၃ ခုနှစ်မှစ၍ ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားဝင်ခွင့်နှင့် လွဲချော်ခဲ့သော်လည်း ယူရို ၂၀၁၆ ခြေစစ်ပွဲကို အောင်မြင်ခဲ့သည်။

လက်ရှိ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲများတွင် တူရကီမှာလည်းကောင်း ပါဝင်သော အုပ်စုတွင်း၌ အိုက်စလန်၊ ခရိုအေးရှားတို့နှင့် ၂မှတ်အကွာ တတိယနေရာတွင် ရှိနေသော အသင်း ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here