La-liga News

ရန်ပွဲနွဲတဲ့ နေမာ

Jul 29 , 2017

PSG သို့ ပြောင်းမည်ဟု သတင်းထွက်နေသော ဘရာဇီးသားနေမာမှာ ဘာစီလိုနာလေ့ကျင့်ရေးကွင်းအတွင်း အသင်းဖော် ဆီမီဒိုနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းမှ ဒေါသတကြီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

အမေရိကန် မိုင်ယာမီတွင် ပြုလုပ်နေသော ဘာစီလိုနာလေ့ကျင့်ရေးတွင် ထိုကိစ္စဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့ စပိန်သို့ ပြန်မည့် ဘာစီလိုနာအသင်းနှင့် လိုက်ပါသွားမည်မဟုတ်ဟုလည်း ဆိုသည်။

ဆီမီဒိုမှာ ဘာစီလိုနာက ခေါ်ယူထားသည့် နောက်ခံလူသစ်တစ်ဦးဖြစ်ပြီး PSG နှင့် ဘာစီလိုနာတို့မှ တာဝန်ရှိသူများမှာ နေမာ ၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေဆဲဖြစ်ကာ ယခုကဲ့သို့ ရန်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် နေမာအသင်းပြောင်းမည့်သတင်းမှာ ပို၍သေချာလာစေသကဲ့သို့ဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုခဲ့သည်။

ဘာစီလိုနာမှ ခေါ်ယူထားခဲ့သော ဆီမီဒိုမှာ ၂၃ နှစ်သား ညာနောက်ခံလူဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် ဘင်ဖီကာမှ ရောက်လာသူဖြစ်ကာ ယခုအပြောင်းအရွှေ့အတွင်း ဘာစီလိုနာမှ ခေါ်ယူထားသော တစ်ဦးတည်းသော လူသစ်တစ်ဦး ဖြစ်သည်။

နေမာမှာ လေ့ကျင့်ရေးကွင်းအတွင်း ခိုက်ရန်ဖြစ်ပွားမှုများတွင် ယခုမှ ပထမဆုံး ပါဝင်ပတ်သက်ခဲ့သူ မဟုတ်ပဲ ယခင်ကလည်း အသင်းဖော်အချို့နှင့် အချင်းများရန်ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here