Europe News

ထူးခြားသော နိုင်ပွဲနှင့် အင်္ဂလန်

Jul 31 , 2017

ယူရို ၂၀၁၇ အမျိုးသမီးပြိုင်ပွဲတွင် အင်္ဂလန်အမျိုးသမီးအသင်းမှာ နှစ်ပေါင်း ၄၃ နှစ်အတွင်း ပြင်သစ်အမျိုးသမီးအသင်းကို ပထမဆုံး အနိုင်ကစားနိုင်ခဲ့ပြီ ဖြစ်သည်။

အင်္ဂလန်အမျိုးသမီးအသင်းမှာ ၁၉၇၄ ခုနှစ်နောက်ပိုင်းတွင် ပြင်သစ်အမျိုးသမီးအသင်းကို တစ်ခါမျှ မနိုင်ခဲ့ပဲ ယခုမှ နိုင်ပွဲရခဲ့သကဲ့သို့ ၂၂ နှစ်အတွင်း ပထမဆုံးအဖြစ် ဥရောပပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကို ယခုပြိုင်ပွဲအတွင်း အစွမ်းပြနေသူ တေလာက ပွဲချိန် မိနစ် ၆၀ တွင် သွင်းယူခဲ့ခြင်းဖြစ်ကာ တေလာမှာ ယူရို ၂၀၁၇ ပြိုင်ပွဲတွင် ၅ဂိုး သွင်းယူနိုင်ခဲ့ပြီ ဖြစ်သည်။

ဆီမီးဖိုင်နယ်တက်ခဲ့သော အင်္ဂလန်အသင်းမှာ လာမည့် ဩဂုတ်လ ၃ရက်နေ့တွင် အိမ်ရှင်ဟော်လန်နှင့် ကစားရမည်ဖြစ်ပြီး ဟော်လန်အသင်းမှာ ကွာတားအဆင့်တွင် ဆွီဒင်ကို ၂-၀ ဖြင့် ကျော်ဖြတ်ခဲ့သူ ဖြစ်သည်။

အခြား ဆီမီးဖိုင်နယ်တွင် ဒိန်းမတ်နှင့် ဩစတြီးယားတို့ ကစားရမည်ဖြစ်ပြီး ဒိန်းမတ်မှာ ကွာတားတွင် ဂျာမနီကို ၂-၁ဖြင့် အနိုင်ရခဲ့ကာ ဩစတြီးယားမှာ စပိန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ကျော်လွှားနိုင်ခဲ့သော အသင်းဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ၃ ရက်နေ့တွင် ကစားရမည်ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲမှာ ဩဂုတ်လ ၆ ရက်နေ့ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here