Gossips

သေချာစွာ စုံစမ်းမည့် တောင်အာဖရိက

Jul 31 , 2017

ကွင်းအတွင်း ပရိသတ်အချင်းချင်း တိုးဝှေ့ကြရင်း ခိုက်ရန်ဖြစ်ပွားရာမှ ပရိသတ် ၂ဦးသေဆုံးခဲ့ရပြီး အချို့ဒဏ်ရာရခဲ့ကြသည့် ကိစ္စအပေါ် မိမိတို့ အပြည့်အဝကိုင်တွယ် စစ်ဆေးစုံစမ်းသွားမည်ဖြစ်ကြောင်း တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ သည်။

တောင်အာဖရိက၏ ပြိုင်ဆိုင်မှုပြင်းထန်သော ဒါဘီပြိုင်ပွဲတစ်ခုအဖြစ် အော်လန်ဒိုပိုင်းရိတ်နှင့် ကိုင်ဇာချိဖ်အသင်းတို့ ပရိသတ် ၈၇၀၀၀ ဆံ့ FNB  ကွင်းကြီးတွင် ယှဉ်ပြိုင်ကစားရာ၌ ထို ကိစ္စဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် ကိုင်ဇာချိဖ်က ၁-၀ဖြင့် အနိုင်ရခဲ့သည်။

တောင်အာဖရိကဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျော်ဒန်က အသက်သေဆုံးသွားသူများ၏ မိသားစုများအတွက် ယူကြုံးမရဖြစ်ရပါကြောင်း၊ မိမိတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနှင့် ဖြစ်ရပ်တစ်ခုလုံးအပေါ် အပြည့်အစုံ စစ်ဆေးအစီရင်ခံသွားမည်ဖြစ်ပြီး ဒဏ်ရာရသွားသူများအတွက်လည်း အမြန်ဆုံး သက်သာလာစေရန် ဆုတောင်းပါကြောင်း ပြောဆိုသွားခဲ့သည်။

FNB ကွင်းကြီးမှာ တောင်အာဖရိကတွင် အကြီးဆုံးကွင်းကြီး ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here