La-liga News

နေမာကို ပြောင်းစေလိုတဲ့ ရာမို့စ်

Jul 31 , 2017

ရီးရဲလ်အသင်းခေါင်းဆောင်ရာမို့စ်က သူ့အနေနှင့် ဘာစီလိုနာစတား နေမာအသင်းပြောင်းသွားသည်ကို မြင်တွေ့လိုကြောင်း ပြောဆိုလိုက်သည်။

နေမာမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် PSG သို့ ပြောင်းတော့မည်ဟု သတင်းထွက်နေသူဖြစ်ပြီး ရာမို့စ်က နေမာ သာပြောင်းသွားခဲ့ပါက မိမိတို့အတွက် ပြဿနာများ လျော့နည်းသွားစေ မည်ဖြစ်ကြောင်း၊ ထို့အတူ မိမိတို့အသင်းအတွက် လည်း ကောင်းကျိုးကို ပိုလာစေမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ဘရာဇီးသား နေမာမှာ အမေရိကန်ရာသီကြိုလေ့ကျင့်ရေးစခန်းတွင် ရှိနေစဉ်က အသင်းဖော်တစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကာ ကွင်းအတွင်းမှ ဒေါသတကြီးဖြင့် ထွက်သွားခဲ့ ခြင်းကြောင့် အသင်းပြောင်းမည့်သတင်းမှာ ပိုမိုသေချာ သကဲ့သို့ ဖြစ်လာစေခဲ့သည်။

အများစုကမူ နေမာအနေနှင့် လာလီဂါမှ အခြားလိဂ်တစ်ခုသို့ ပြောင်းရွှေ့သွားခြင်းသည် လာလီဂါကို ကြီးမားသည့်ရိုက်ခတ်မှုမျိုး ဖြစ်လာစေမည် မဟုတ်ကြောင်း၊ နေမာသည် မက်ဆီမဟုတ်သကဲ့သို့ ရီးရဲလ်မှ စီရိုနယ်ဒိုနှင့်လည်း နှိုင်းယှဉ်၍ ရသူ မဟုတ်ကြောင်း ယူဆလျက် ရှိနေကြသည်။

U Myo Thant




<< Back La-liga News


Advertisement
Here