Bundesliga News

ဒါရိုက်တာခန့်သော ဘိုင်ယန်

Aug 01 , 2017

ဂျာမန်ဘွန်ဒစ်လီဂါ ချန်ပီယံဘိုင်ယန်မှာ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဆာလီဟာမစ်ဇစ်ကို အားကစားဒါရိုက်တာ အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဆာလီဟာမစ်ဇစ်မှာ ဘိုင်ယန်တွင် ကစားခဲ့စဉ်က ဘွန်ဒစ်လီဂါချန်ပီယံဆု ၆ ကြိမ် ရခဲ့သူဖြစ်ပြီး အားကစားဒါရိုက်တာအဖြစ် စတင်တာဝန်ယူတော့မည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့သည်။

ဘိုင်ယန်အသင်း၏ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူ မာသီးယပ်စ် ဆမ်းမားမှာ လွန်ခဲ့သော နှစ်က အဖျားဝေဒနာ ခံစားနေရပြီးနောက် တာဝန်မှ နှုတ်ထွက်သွားသဖြင့် အသင်းမှာ တစ်ရာသီလုံး အားကစားဒါရိုက်တာ မရှိပဲ ဖြတ်ကျော်ခဲ့ရခြင်း ဖြစ်သည်။

အသင်းခေါင်းဆောင် ဖိလစ်လမ်းမှာ ထိုရာထူးအတွက် ခန့်မှန်းခံရသော်လည်း အဆိုပါ ညာနောက်ခံလူ ဖိလစ်လမ်းက အချိန်မတိုင်သေးဟု ဆိုခဲ့သည်။

ဘော့စနီးယား လက်ရွေးစင်ဟောင်းဖြစ်သူ ဆာလီဟာမစ်ဇစ်မှာ ၂၀၂၀ အထိ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပြီး အသက် ၄၀ အရွယ် ဆာလီဟာမစ်ဇစ်အနေနှင့် ၉နှစ်ကြာ ကစားခဲ့သည့် အသင်းအတွက် အကောင်းဆုံးပြန် လည်ပေးဆပ်မည်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here